အရှေ့တောင်အာရှ၏တစ်ဦးချင်းဝင်ငွေ၌ မြန်မာအလုပ်သမားလစာအနိမ့်ဆုံးဖြစ်နေ

Monday, January 13, 2014

အရှေ့တောင်အာရှ၏ တစ်ဦး ချင်းဝင်ငွေ၌ မြန်
မာအလုပ်သမားလစာသည်အနိမ့်ဆုံးဖြစ်နေ
ကြောင်း ဂျပန်-မြန်မာလူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ ဒေါက်တာ ညိုညိုသင်း
ကပြောသည်။

၂ဝ၁၃ခုနှစ် ဒီဇင်ဘာ ၂၉ရက် တွင် MCC ခန်းမ၌ပြုလုပ်သောမြန်မာပြည်သူ့ဖိုရမ်ဒုတိယနေ့တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရေးကြီးဆုံးလိုအပ်ချက်များဆွေး နွေးပွဲ၌ အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည်အာရှတွင်အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင်အဆင်း ရဲဆုံးနိုင်ငံဖြစ်ပြီး အလုပ်သမားများ ၏ လခတိုးမြှင့်ရေးအတွက် ပြည်သူ များ၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်စွမ်းနှင့်လူတစ်ဦးချင်း ဝင်ငွေမြင့်မားအောင်ဖန်တီးပေးနိုင်ခြင်း
မရှိသေးကြောင်း၊ အာဆီယံနိုင်ငံများနှင့်ယှဉ်၍
တိုးတက်အောင် ဆောင်ရွက်သင့်
ပြီး ဥပဒေစည်း ကမ်းတို့ကို တစ်ပြေးညီပြဋ္ဌာန်း
သင့် ကြောင်း၊ ဝင်ငွေနှင့်ထွက်ငွေ ညီ ညွ
တ်မျှတစေရန်အထူးဆောင်ရွက် ရန်လိုအပ်ကြောင်း၎င်းကဆိုသည်။

၂ဝ၁၃ခုနှစ် နိုဝင်ဘာတွင် မီတာခ တိုးမြှင့်ရန်ပြုလုပ်ခဲ့ပြီး မီတာခ တိုးမြှင့်ရေး၊ လျှပ်စစ်မီးမှန်မှန်ရရှိရေးသည်ပြည်သူများအတွက် အရေးကြီးလိုအပ်ချက်ဖြစ်ကြောင်း၊ စက်ရုံများ မီးမှန်မှန်မရရှိပါက စက်ရုံများပိတ်ရမည်ဖြစ်ပြီး လုပ်အားခလျှော့ချခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်းတို့ကြောင့် ဆင်းရဲနွမ်းပါး မှုပိုမိုမြင့်မားလာနိုင်ကြောင်း
၎င်းက ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတထံ တင်ပြမည့် အစီရင်ခံစာတစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

The Union Daily


SHARE THIS
Previous Post
Next Post