ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စုထူ
ထောင်ဖို့ အားလုံးပါဝင်တဲ့ ပြည်ထောင်စုညီလာခံကို ကျင်းပရမယ်လို့ ရှစ်လေးလုံးငွေရတုအခမ်းအနားမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ ဇန်နဝါရီ ၁၂ရက်နေ့မှာ နိုင်ငံရေးမူ
ဘောင် ၄ချက်ကို ကြေညာလိုက်ပါတယ်။
ပေါ်ပေါက်လာမယ့် အားလုံးပါဝင်တဲ့ ပြည်ထောင်စုညီလာခံကနေ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး နိုင်ငံတော်ရဲ့ အနာဂတ်မူဝါဒ လမ်းညွှန်အဖြစ် သတ်မှတ်လုပ်ကိုင်ရမယ်လို့ စုံညီအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။
နိုင်ငံရေးအဖွဲ့အစည်းပေါင်း ၁၃ဝကျော် ပါဝင်ခဲ့တဲ့ ဒီစုံညီအစည်းအဝေးကနေ အချိန်ဇယားရေးဆွဲဖို့နဲ့ လွှတ်တော်တွင်း လွှတ်တော်ပြင်ပနည်းလမ်းနှစ်မျိုးနဲ့
ဆောင်ရွက်ဖို့ ရှေ့လုပ်ငန်းစဉ်အဖြစ် လမ်းညွှန်ချက် ချမှတ်ခဲ့ပါတယ်။
ဒီညီလာခံပေါ်ပေါက်လာဖို့ အင်အားစုအားလုံးနဲ့ညှိနှိုင်းဆွေးနွေးသွားဖို့အ
ပြင် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
From : kamaryut Media