ဘူးသီးတောင် အမတ် ဦးရွှေမောင်ကို ပြည်ထဲရေးက စုံစမ်းစစ်ဆေးနေ

အာဏာရ ကြံ့ခိုင်ရေးပါတီ အမတ်တဦးဖြစ်တဲ့ ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ် ဦးရွှေမောင် ဟာ မကြာသေးခင်က မောင်းတောမြို့ ဒု
ချီးရားတန်းကျေးရွာ မီးလောင်မှု ကိစ္စ ရဲတပ်ဖွဲ့က စတင် မီးရှို့ခဲ့တယ်လို့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရုပ်/သံမှာ မှတ်ချက်ပေးခဲ့လို့ စစ်ဆေးခံရပါပြီ။

ပဋိပက္ခဖြစ်ပြီးစ ဒုချီးရားတန်းရွာ မီးလောင်မှုဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့ ထိမ်းသိမ်း
ကွပ်ကွဲမှု အောက်ရှိနေတာဖြစ်
ပြီး အဲဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်လို့ ပြောခဲ့တာရယ်၊ သူ
့ ကို သတင်းပေးသူတွေ က ရဲတပ်ဖွဲ့က စတင်မီးရှို့ခဲ့တယ်လို့ သူက သတင်းဌာနကို ပြောခဲ့ပြီးတာကြောင့် ပြည်ထဲရေး ဝန်ကြီး ဌာန က မနေ့က ခေါ်ယူစစ် ဆေးတာပါ။

သမ္မတ ဦးသိန်းစိန်က ကြံ့ခိုင်ရေး အမတ် ဦးရွှေမောင်ကို ဥပဒေကြောင်းအရ စုံစမ်း
စစ်ဆေး မေးမြန်းဖို့ ပါတီအကြီးအကဲလည်းဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဆီကို ခွင့်ပြုပေးဖို့ စာပို့ခဲ့အပြီး ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် မမှန်သတင်း
ပြောဆိုမှုနဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန်းမှုကို မနေ့က ညနေ ၄ နာရီက နေပြည်တော်က ကြံ့ခိုင်ရေးပါတီ ဋ္ဌာနချုပ်မှာ စတင်ခဲ့တာပါ။

From : ဧရာဝတီ


SHARE THIS
Previous Post
Next Post