စစ်တွေတွင် ပြည်သူ ၅၀၀၀ ခန့်က White card ကိုင်ဆောင်သူများကို ၂၀၁၅ ခုနှစ်တွင် မဲပေးခွင့်မပြုရန် ဆန္ဒဖေါ်ထုတ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူပေါင်း ၅၀၀၀ ခန့်က အဖြူရောင် White card (၀ိုက်ကဒ်) ကိုင်ဆောင်သူများကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွှေးကောက်ခံပိုင်ခွင့်နှင့် မဲပေးခွင့်မပြုရန် ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့ လမ်းမများပေါ်တွင် ချီတက်ကာ ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နေလည် ၁ နာရီတွင် စတင်ခဲ့ပြီး ဆရာတော် ဦးဥတ္တမပန်းခြံမှ မြို့လယ်ရှိဝင်္ကဘာကွင်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ရခြင်းမှာ ၂၀၁၅ ခုနှစ်တွင် အဖြူရောင် White Card ကိုင်ဆောင်ထားသူများကို မဲပေးခွင့်နှင့် အရွှေးခံပိုင်ခွင့် မပြုရန် အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးဆောင်သူ ရခိုင်အမျိုးသမီး ကွန်ရက်မှ ဒေါ်ညိုအေးက ပြောသည်။

“ အဓိကတော့ White card ကိုင်ဆောင်ထားတဲ့ တရားမ၀င် နေထိုင်သူတွေကို ၂၀၁၅ ရွှေးကောက်ပွဲမှာ အရွှေးခံခွင့်နဲ့ မဲပေးခွင့်မပြုဖို့၊ ၁၉၈၂
ခုနှစ်နိုင်ငံသား ဥပဒေကို လွတ်တော်က အမြန်ဆုံးအကောင် အထည်ဖော်ပြီး ဆောင်ရွက် ပေးဖို့စတဲ့ အချက်တွေ အပါအ၀င် အချက် ၇ချက်နဲ့ တောင်း
ဆို ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဆန္ဒထုတ်ဖော်သူများ တောင်းဆိုသော
အခြား အချက် (၅) ချက်ထဲတွင် ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက်များ အစာထိုး တပ်ဆင်ပေး
ရန်၊ ဒေသခံပြည်သူများ လုံခြုံရေးကို တာဝန်ယူရန်၊ အဖြူရောင် ကဒ်များ တရားမ၀င်ကြောင်း အစိုးရမှ ကျေညာရန်၊ AZG (MSF) ၇ ရက် အတွင်း ဒေသအတွင်းမှ ထွက်သွားရန် ဆိုသည့် အချက်များကို
တောင်းဆို ခဲ့ကြသည်ဟု သူမက ဆိုသည်။

ဆန္ဒပြသူများသည် ဘင်္ဂလီဘက်လိုက် နိုင်ငံများကိုအလိုမရှိ၊ ဘင်္ဂလီဘက်လိုက် UN အဖွဲ့ကို အလိုမရှိဟု ဆိုကာ ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ရခိုင်လူမှုကွန်ယက်နှင့်
တခြားလူမှုအဖွဲ့အစည်းများနှင့် မြို့သူ မြို့သားများက ပူးပေါင်းပြုလုပ်ခြင်း ဖြစ်သည်။
UNအပါအ၀င်နိုင်ငံတကာဖွဲ့အစည်းများအ
နေဖြင့်စစ်တွေမြို့ခံများတောင်းဆိုထားသည့်အတိုင်း၇ရက်အတွင်းတစုံတရာလုပ်ဆောင်မှုမရှိပါက ဥပဒေဘောင်အတွင်းမှ လူထုအားဖြင့်ဆက်လက် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်းလည်း ဒေါ်ညိုအေး
ကပြောသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် White card ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုထား
သည့်အတွက် ရခိုင် ပြည်နယ်နှင့် ရခိုင်ပြည်သူများအတွက်နစ်နာမှုများရှိနေ
ကြောင်းလည်း ဒေါ်ညိုအေးက ယ
ခုကဲ့သို့ ပြောသည်။

“White card ကိုင်ဆောင်ထားတဲ့ ဘင်္ဂလီတွေကို မဲပေးခွင့်ပေးထားတဲ့အတွက် White card အတုတွေဖောင်း ပွလာတယ်။ တစ်ဘက်က ခိုးဝင်သူတွေများလာတယ်။ ဒါကြောင့် ကျမတို့က White card တွေကို တရားမ၀င်ဘူးလို့ အစိုးရကထုတ်ပြန်
ပေးဖို့လည်း ကျမတို့ တောင်းဆိုထားပါ
တယ်။”

မောင်တောမြို့တွင်လည်း သတင်းမှားများ
ထုတ်ပြန်သည့် ယူအန်နှင့်အိုင်အန်ဂျီအိုများကို ကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖော် ပြုလုပ်ရန်စီစဉ်ထားသော်လည်း ဒုသမ္မတ ဦးဥာဏ်ထွန်း ခရီးစဉ်နှင့် တိုက်ဆိုင်နေ
သည့်အတွက် ဆန္ဒထုတ်ဖော်မှုအစီအစဉ်ကို နောက်ဆုတ်လိုက်သည်ဟု သိရသည်။

အလားတူ ဘူးသီးတောင်မြို့တွင်လည်း သတင်းမှားများ ထုတ်ပြန်သည့် ယူအန်နှင့် အိုင်အန်ဂျီအိုများကိုကန့်ကွက်သည့် လူထု ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်အား အစိုးရသဘောထားကို သိရှိရန် ဖုံးဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုံးမကိုင်သဖြင့် ဆန္ဒပြသူများ တောင်းဆိုချက်အပေါ် အစိုးရ
၏ သဘောထားကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

From : နိရဉ္စရာ


SHARE THIS
Previous Post
Next Post