သီလဝါစီမံကိန်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာဆန်းစစ်ချက် လာမည့်ခြောက်လ အတွင်း အပြီးဆောင်ရွက်မည်

=======================================
ရန်ကုန်၊ ဇူလိုင် ၂၅-သီလဝါ အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက် မှု စီမံကိန်းဧရိ ယာဟက်တာ ၂၀၀၀ အတွက် သဘာဝ ပတ်ဝန်း ကျင် ထိခိုက် မှုဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ ကို လာမည့် ခြောက်လအတွင်း အ ပြီးသတ်ဆောင် ရွက် သွားမည်ဖြစ် ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေး ရာဝန်ကြီးဌာန သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးလွင် က ပြောသည်။

သီလဝါ အထူးစီးပွားရေး ဇုန်  စီမံကိန်းနှင့် ပတ်သက်သည့် သဘာ ဝပတ်ဝန်း ကျင်ထိခိုက်မှုဆိုင်ရာ ဆန်း စစ်ချက်အစီရင်ခံစာကို သဘာဝပတ် ဝန်းကျင်ထိန်း သိမ်းရေးဌာနနှင့် စီ မံကိန်းမှ တာဝန်ယူဆောင်ရွက်သွား မည်မဟုတ်ဘဲ ကျွမ်းကျင်သူများ  ပါဝင်သည့် သီးခြားအဖွဲ့အစည်းတစ် ခုမှ ဆောင်ရွက်ရ မည်ဖြစ်ပြီး ဝန် ကြီးဌာနများပူးပေါင်းပါဝင်သည့် အ ဖွဲ့အစည်းမှ အတည်ပြုချက်ဖြင့် သ ဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်း ဆုံးဖြစ်အောင်ရေး ဆွဲထားခြင်းအား အတည်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးမျိုးအောင်က ''အတည်ပြု ပြီးမှ စီမံကိန်းကို ဆက်ပြီး ဆောင် ရွက်ခွင့်ရမှာ၊ မပြည့်စုံသေးရင်တော့ ပြန်ပြီးစိစစ်ဖို့ အစီရင်ခံသွားမှာပါ'' ဟု ဆိုသည်။

အဆိုပါသဘာဝပတ်ဝန်းကျင် ဆိုင်ရာ အစီရင်ခံစာကို E guard ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွား မည်ဖြစ်ရာ နယ်နိမိတ် တိုင်းတာသတ် မှတ်ခြင်းနှင့် ထိခိုက်မှုများ အကဲဖြတ် ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေ ပြီဖြစ်ပြီး သက်ဆိုင်သူဒေ သခံများ နှင့် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေး ခြင်းကို ဇူလိုင် ၂၅ရက်က မြို့ရွာနှင့်  အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြေယာ ရုံးခွဲ (၂)၊ သန်လျင်မြို့ နယ် (သီလ ဝါ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီယာယီရုံး)တွင် ပြုလုပ်ခဲ့ သည်။

E guard ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအေးသီဟက အစီရင် ခံစာထုတ်ပြန်ရန်အတွက် သက်ဆိုင် သူများနှင့် တွေ့ဆုံ ပွဲများကို ဇွန်လ အတွင်းက ပထမအကြိမ် ပြုလုပ်ခဲ့ ပြီး တတိယအကြိမ် သက်ဆိုင်သူ ဒေသ ခံများနှင့်တွေ့ဆုံပွဲကို အစီရင် ခံမူကြမ်း ထွက်ရှိမည့် စက်တင်ဘာ လအတွင်း ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်းဆိုသည်။

ယင်းအစီရင်ခံစာ ထွက်ပေါ်လာ ပါက အများပြည်သူများလေ့လာ သိရှိစေရန် အတွက် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးများ၊ ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးရုံးများနှင့် ဝက်ဘ်ဆိုက် များတွင် ဖော်ပြပေးသွားမည်ဖြစ် ကြောင်း သိရ သည်။

ယင်းစီမံကိန်းသည် ရန်ကုန် မြို့မှ ကီလိုမိတာ (၂၀) အကွာအဝေး ရှိ သန်လျင်နှင့် ကျောက် တန်းမြို့ နယ်များအတွင်း တည်ရှိပြီး ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ အယူအဆ ငါးချက် ဖြစ်သည့် စီးပွားရေး အရှိန်အဟုန်မြှင့် တင်ခြင်း၊ လုံခြုံစိတ်ချသော လူမှုဘဝ တည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေရှိခြင်း၊  စွမ်းရည်မြင့်အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း၊ ဂေဟစနစ်ထိန်း သိမ်းခြင်းစသည့်အချက်များပေါ် အခြေခံကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

A K S
#Democracytoday


Posted via Blogaway

SHARE THIS
Previous Post
Next Post