Saturday, July 26, 2014
Britney Spear ရဲ့ ထင်းရှားကျော်ကြားခဲ့တဲ့ အချိန်အခါတွေဆိုရင် သူမရဲ့ ၁၉၉၉ Rolling Stone cover ၊ ၂၀၀၀ နဲ့၂၀၀၇ ခုနှစ်က VMA တင်ဆက်မှုတွေ ၊ သူမကိုယ်တိုင် Open Your Heart သီချင်းကို သီဆိုပြီး အိပ်ခန်းကိုပတ်က နေတဲ့ Crossroads ထဲက အတွင်းခံနဲ့ပတ်သက်တဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။ မကြာခင် အဲဒီအတွင်းခံတွေကို ၀တ်လို့ရရင် ရနိုင်မှာဖြစ်ပြီး Fantasy Edition တွေမှာ ကြဲချင်ကြဲလို့ရမှာဖြစ်ပါတယ်။ Britney လေးက အတွင်းခံမှာ လမ်းကြောင်းဖောက်ပြီး ဒီဇိုင်းတွေ ကိုယ်တိုင်ဆွဲထားတာမို့ အချိန်ပိုင်းနဲ့ အိပ်ခန်း ကာရာအိုကေ ပွဲတွေ ဆင်နွဲလို့လည်း ရနိုင်မှာဖြစ်တယ်။
The Intimate Britney Spear လို့ပေးထားတဲ့ နာမည်နဲ့လိုက်အောင် Britney စစလာချင်းပဲ နောက်ပြောင်လိုက်ပါတယ်။ အနက်ရောင် ဘော်လီခပ်ကျပ်ကျပ် နှင့် ဟောလိဝုဒ်မင်းသားမင်းသမီတွေတောင် စိတ်ဝင်စားအောင်ဖြစ်စေတဲ့ ခါးအထက်ရောက်နေတဲ့ အတွင်းခံခါးကြိုးပါတဲ့ အတွင်းခံနဲ့အတူ Ms. Spear ကို တွေ့နေကျ ထက်ပိုပြီး နားလည်ရခက်အောင်ဖြစ်စေပါတယ်။ မိန်းကလေးတိုင်းလည်း သူဝတ်သွားသလို ၀တ်ဆင်လို့ ကိုယ့်အလှအပမှာ ကိုယ့်ကိုယ်ယုံကြည်မှုရှိသင့်ပါတယ်လို့ Britney က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ The Intimate Britney Spears ကိုလုပ်ရတဲ့ ရည်ရွယ်ချက်က လှပစေဖို့ နဲ့ တစ်ချိန်တည်းမှာ သက်တောင့်သက်သာရှိဖို့အတွက်လည်းဖြစ်ပါတယ်။ ဒီပြုစုဖန်တီးမှုကို ချပြမိတ်ဆက်ဖို့ စိတ်လှုပ်ရှားမိပါတယ်။
တာဝန်ကျေတဲ့ Britney။ အမျိုးသမီးအတွင်းဝတ်အကျီ၊၊ ဘောင်းဘီတို နဲ့ အနွေးထည်တို့လို ကီမိုနို၊ အတွင်းခံအင်္ကျီတွေကို ဒေါ်လာ ၁၇ ကနေ ၇၉ အထိ နှုန်းထားတွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်း CHANGE အမျိုးသမီးအတွင်းခံဆိုင်၊ အွန်လိုင်းမှာ Bare Necessities နဲ့ စက်တင်ဘာလ (၉)ရက်မှာ စတင်မယ့် Britney ရဲ့ ကိုယ်ပိုင်ဆိုဒ် ကနေ၀ယ်ယူလို့ရနိုင်မှာဖြစ်ပါတယ်။ အားလုံးပဲ အဲ့နေ့အတွက် Countdown စတင်နေပါပြီနော်။
Source: mtv.com
Trend Myanmar
Posted via Blogaway