မုန်တိုင်းသတိပေးချက် နောက်ဆက်တွဲသတင်း
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မေလ (၂၂)ရ
က်နေ့ မြန်မာစံတော်ချိန် (၁၁:၃၀) နာရီအချိန်တွင် ထုတ်ပြန်သ
ည့် မုန်တိုင်းသတင်းကို အစီရင်ခံအပ်ပါသည်။
(က) ယနေ့မြန်မာစံတော်ချိန် (၁၁:၀၀) နာရီအချိန် တိုင်းထွာချ
က်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်
ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဂွမြို့၏ အနောက်
တောင်ဘက် မိုင် (၁၆၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်
တောင်ဘက် (၁၅၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ တောင်-အနောက်
တောင်ဘက် (၂၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ
သည်။
အဆိုပါ မုန်းတိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ဆက်လက်
ရွေ့လျားပြီး နောက်ဆုံးတိုင်းထွာ ရရှိသော ခန့်မှန်းချက်များအရ
မေလ (၂၂)ရက်နေ့ မွန်းတည့်မှ နောက် (၂၄)နာရီအတွင်း မြန်
မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျား လာနိုင်သည်ဟု
ခန့်မှန်းရပါသည်။
(ခ) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင် အဆ
င့်ရှိပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဆီသို့ ဦးတည် ရွေ့လျားနေသ
ည့် အခြေအနေဖြစ်ပါသည်။
(ဂ) မုန်တိုင်းငယ်၏ အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူး
တိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသြ
ကီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရြွာ
ပီး ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအ
လိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်
တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(ဃ) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်း
လွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရော
က်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်ေ
လသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါ
သည်။
(င) မြစ်ဝကျွန်းပေါ် ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်း
လွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊
သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရ
န် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထာ
းသည်။

မုန်တိုင်းသတိပေးချက် နောက်ဆက်တွဲသတင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မေလ (၂၂)ရ က်နေ့ မြန်မာစံတော်ချိန် (၁၁:၃၀) နာရီအချိန်တွင် ထုတ်ပြန်သ ည့် မုန်တိုင်းသတင်းကို အစီရင်ခံအပ်ပါသည်။ (က) ယနေ့မြန်မာစံတော်ချိန် (၁၁:၀၀) နာရီအချိန် တိုင်းထွာချ က်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ် ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဂွမြို့၏ အနောက် တောင်ဘက် မိုင် (၁၆၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက် တောင်ဘက် (၁၅၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ တောင်-အနောက် တောင်ဘက် (၂၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ သည်။ အဆိုပါ မုန်းတိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး နောက်ဆုံးတိုင်းထွာ ရရှိသော ခန့်မှန်းချက်များအရ မေလ (၂၂)ရက်နေ့ မွန်းတည့်မှ နောက် (၂၄)နာရီအတွင်း မြန် မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျား လာနိုင်သည်ဟု ခန့်မှန်းရပါသည်။ (ခ) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင် အဆ င့်ရှိပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဆီသို့ ဦးတည် ရွေ့လျားနေသ ည့် အခြေအနေဖြစ်ပါသည်။ (ဂ) မုန်တိုင်းငယ်၏ အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသြ ကီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရြွာ ပီး ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအ လိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (ဃ) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်း လွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရော က်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်ေ လသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါ သည်။ (င) မြစ်ဝကျွန်းပေါ် ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်း လွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရ န် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားသည်။

ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ငွေကျပ်သိန်းပေါင်း ၁၀၀၀ ကျော် လိမ်လည်ထွက်ပြေးမှု မင်းပြားတွင်
ဒုတိယအကြိမ်ဖြစ်ပွား

ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ငွေကျပ်သိန်းပေါင်း ၁၀၀၀ ကျော် လိမ်လည်ထွက်ပြေးမှု မင်းပြားတွင် ဒုတိယအကြိမ်ဖြစ်ပွား

(၁၁-၅-၂၀၁၄ လေးမြို့ မှုခင်းသတင်းတို)

(၅.၅.၂၀၁၄)နေ့ က ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ ၊ ကမ်းနားလမ်းရှိ သီင်္ဂီန၀ရတ်ရွေဆိုင်မှ ပိုင်ရှင် ဦးအောင်သိန်းအေးသည် လူတစ်ချို့ ၏ ယုံကြည်မှုကို အလွဲသုံးစားလုပ်ကာ ငွေကျပ်သိန်းပေါင်း ၁၀၀၀ ကျော်အား လိမ်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လိမ်လည်မှုတွင် အဘ-ဦးအောင်လှစိန်၏
သားဦးအောင်သိန်းအေး (၁၁/မပန(နိုင်)၀၄၅၄၀၃ )
သည် ရွှေအပေါင်လုပ်ငန်းလုပ်ကိုင်ရာမှ လုပ်ငန်းတိုးချဲ့ ရန် တခြားလူတစ်ချို့ ထံမှ ငွေကြေးများအား အတိုးနှုန်းများဖြင့် ချေးယူလုပ်ကိုင်ခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင် အဆိုပါလုပ်ငန်းသည် ၀င်ငွေ ၊ ထွက်ငွေ ကိုက်ညီမှုမရှိဘဲ အရှုံးပေါ်လာခဲ့ပြီးနောက် ချေးယူထား
သော ငွေကြေးများ ပြန်လည်ပေးဆပ်နိုင်တော့မည့် လုံးဝမရှိတော့သောကြောင့် ယခုကဲ့သို့ 
ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ဖြစ်နိုင်သည်ဟု သူနဲ့ ရင်းနှီးသည့် လူပုဂ္ဂိုလ်များထံမှ ကြားသိရသည်။

ဦးအောင်သိန်းအေးသည် ယခုအချိန်တွင် ထွက်ပြေးပုန်း
ရှောင်နေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှလည်း
ဦးအောင်သိန်းအေးအား လိုက်လံရှာဖွေလျှက်ရှိကြောင်း သိရသည်။

ယခုအမှုသည် မင်းပြားတွင် ဖြစ်ပွားခဲ့သော ငွေကြေးမြောက်မြားစွာ လိမ်လည်ထွက်ပြေးမှုတွင် ဒုတိယမြောက် အမှုဖြစ်ပြီး လွန်ခဲ့ သော (၃)နှစ်ခန့် ကလည်း ဒေါ်ယောင်ယောင် ဆိုသူမှ ယခုကဲ့သို့ ပင် ငွေကြေးမြောက်မြားစွာ လိမ်လည်ထွက်ပြေးမှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပေးပို့ သူ-ကိုထွန်း
ရေးသူ - သက်ထားရွှေစင်
လေးမြို့ သတင်းမီဒီယာ

် စစ်တွေမှ ရန်ကုန် သို့ အသွား ကြံတိုင်းအောင်
ယာဉ် တိမ်းမှောက်

် စစ်တွေမှ ရန်ကုန် သို့ အသွား ကြံတိုင်းအောင် ယာဉ် တိမ်းမှောက်

မင်းပြားမြို့ ၊နားရမ်းကျေးရွာအနီးရှိ လမ်းဆုံ 94 မိုင်
9/5/2014. နေ့ နံက် 11:20 အချိန် စစ်တွေမှ ရန်ကုန် သို့ အသွား ကြံတိုင်းအောင်
ယာဉ် တိမ်းမှောက် လူအ သေအ ပျောက်မရှိ 9 ဦးဒဏ် ရာရ 2 ဦးပြင်းထန် ၎င်း လူနာများအား စစ်တွေ
ဆေးရုံကြီးသို့ လိုက်ပို့ရန် ကျန်းမာရေး ဌာနမှလူနာစောင့်ခွါမရ ၍မင်းပြား လူမူကူညီ ရေးမှ ဦးခင်ဇော်ဝင်းရွှေပြည်တန် အမြန်ယာဉ် ဖြင့်လိုက်ပို့
စစ်တွေ သွေးအလူရှင် မှ ကိုမောင်မောင်
နှင့်အဖွဲ့ အကူအညီဖြင့် လူနာတင်
ကားနှင့် တင်ဆောင်ပြီး ဆေးရုံသို့တင်
လိုက် ရပါကြောင်း သိရသည်။

Kyaw Aye Naing @Facebook

ရခိုင်ဧကရာဇ် ဘုရင် မင်းရာဇာကြီး ဟံသာဝတီ ပဲခူး သို့ စစ်ချီခြင်း

ရခိုင်သက္ကရာဇ် ၉၆၀ ခု တန်ဆောင်တိုင်လ အေဒီ ၁၅၉၈
မင်းဖလောင်း၏ သားတော် အိမ်ရှေ့မင်း သတိုးဓမ္မရာဇာ သည် ရခိုင်သက္ကရာဇ် ၉၅၅ တွင် မင်းရာဇာကြီး အမည်ဖြင့် နန်းတက်လာ၏။ ။ မင်း ဖြစ်လာသည့်အခါ အရှေ့ပြည် ဟံသာဝတီ ပဲခူးမှ ရခိုင်တို့၏
ရန်သူ ကျော်ထင်နော်ရထာ မင်းဆက်အား တောင်ငူဘုရင် က တိုက်ခိုက်၍ ပဲခူးမြို့ကို သိမ်းပိုက်
လိုသဖြင့် အမျိုးအဖုံစုံလင်လှသော လက်ဆောင်ပဏ္ဍာ တို့ဖြင့် ရခိုင်ဘုရင်ထံပါးသို့ လာရောက် စစ်
ကူတောင်းခံလာသည်။

"အရှင် ... ရခိုင်မင်းရာဇာကြီး ... ကျေးဇူးပြုလျက် ပဲခူးမြို့ကို ကူညီစစ်တိုက်ပေးပါ။ ပဲ
ခူးမြို့ကိုရလျှင် သမီးကညာ ဆင်ဖြူရတနာတို့ကို ကျွန်ုပ်ဆက်သပါမည်။"
ဤအရေးကို ညီလာခံ၌ ဆွေးနွေးကြရာ မဟာပညာကျော် က အရေးအကြောင်းကြုံလျှင် အကူအညီပေးသင့်ကြောင်း ထောက်ခံမဲပေးခဲ့သည်။

မင်းရာဇာကြီးသည်လည်း သဘောတူပြီး အခြားပညာရှိ အမတ်တို့သည်လည်းမကန့်ကွက်သဖြင့် ပဲခူးမြို့ကို စစ်ချီရန် ဆုံးဖြတ်ခဲ့သည်။မင်းရာဇာကြီး ကိုယ်တော်တိုင် ဦးဆောင်သော ရခိုင် တပ်မတော် သည် ရခိုင်သက္ကရာဇ် ၉၆၀ ခု တန်ဆောင်တိုင်လ အေဒီ ၁၅၉၈ တွင် ကြည်းကြောင်း ရေကြောင်း စစ်သည်အင်အား ၃သိန်းကျော် (အတိအကျအားဖြင့် စစ်သည်အင်အား ၃၂၈၀၀၀ - သုံးသိန်းနှစ်သောင်းရှစ်ထောင်)ဖြင့် ပဲခူးမြို့ကို ၀န်းရံချေမှုန်းတော်မူလေ၏။ ။

၁။ ပြည့်ရှင်ဘုရင် မင်းရာဇာကြီး ဦးဆောင်သောတပ်မတော်
က။ လက်ဝဲသင်းကိုယ်တော်ရံ = ၃၀,၀၀၀
ခ။ လက်ယာသင်းကိုယ်တော်ရံ = ၃၀,၀၀၀
ဂ။ ဒိုင်းနက်သူရဲ = ၁၀,၀၀၀
ဃ။ သက်သူရဲ = ၁၀,၀၀၀
င။ မီးလောင်းကာ၊ မီးပေါက်၊ ပြောင်း၊ ဒိုင်း၊ လွား စွဲသူရဲ = ၂၀,၀၀၀
စုစုပေါင်း = ၁၀၀,၀၀၀
၂။ အမတ်စစ်သူကြီး ဓမ္မသောက ဦးဆောင်သောတပ်မတော်
က။ လက်ဝဲသင်းကိုယ်တော်ရံ = ၂၀,၀၀၀
ခ။ လက်ယာသင်းကိုယ်တော်ရံ = ၂၀,၀၀၀
ဂ။ ကမန်လေးကိုင်သူရဲ = ၁,၀၀၀
ဃ။ ဓားကိုင်လေးစွဲသူရဲ = ၁,၀၀၀
င။ ကာစွဲဒိုင်းကိုင်သူရဲ = ၁,၀၀၀
စ။ သက်သူရဲ = ၃၀,၀၀၀
စုစုပေါင်း = ၁၇၃,၀၀၀
၃။ သားတော် အိမ်ရှေ့ဥပရာဇာ မင်းခမောင်း နှင့် ဥက္ကာပျံ အမတ်တို့ မော်တင်လမ်းကြောင်းမှ
က။ ကမ်းယံသူရဲ = ၃၀,၀၀၀
ခ။ မီးလောင်းကာ၊ မီးပြောက်၊ ပြောင်း၊ ဒိုင်း၊ လွှား စွဲသူရဲ = ၂၀,၀၀၀
စုစုပေါင်း = ၅၀,၀၀၀
၎။ ဆင်ကဲကြီး မဟာနု ဦးစီးသော သဘောင်္(၃၀၀) နှင့် ပသျှူးကျွန်းမော်တင်လမ်းမှ
က။ မောက်သူဇာသူရဲ = ၅,၀၀၀
ပဲခူးမြို့ကို တောင်ငူဘုရင် က အရှေ့မှ ရံသည်။

တောင်ငူဘုရင်၏ သားတော် နတ်ရှင်နောင်က မြို
့ မြောက်အရပ်မှ ရံသည်။ ရခိုင် အိမ်ရှေ့ဥပရာဇာ မင်းခမောင်းက တောင်မှ ရံသည်။ ရခိုင်ပြည့်
ရှင် မင်းရာဇာကြီးက အနောက်မှ ရံသည်။
ထိုသို့ နှစ်ပြည်ထောင် တပ်များ ၀န်းရံမှုကြောင့် ပဲခူးမြို့တွင်းက ပြည်သူများ အစားအစာ ရိက္ခာ ရှားပါးပြတ်လပ်လာ၍ တချို့ကား တောင်ငူတပ်တွင်းဝင်လေ၏။ တချို့ကား ရခိုင်တပ်ထဲဝင်လေ၏။
တချို့လည်း လွတ်ရာသို့ပြေးလေ၏။

သို့ကြောင့် ပဲခူးအိမ်ရှေ့စံ မင်းရဲကျော်စွာလည်း တောင်ငူမင်းတပ်သို့ ၀င်လေ၏။ ပဲခူးမင်းလည်း အညံ့ခံသဖြင့် စစ်ရှုံးလေ၏။တစ်ချိန်တည်းမှာပင် ယိုးဒယား ဘုရင် ဗြနရေ့ သည် ပဲခူးဘက်မှ စစ်ကူလာ၏။ ရခိုင်အိမ်ရှေ့စံ မင်းခမောင်းတပ်က ယိုးဒယား ရိက္ခာတပ်ကို ကြားမှ တိုက်လေသော် တစ်လမျှ ယိုးဒယားတပ်တို့ ရိက္ခာ ပြတ်လပ်ပြီး ယိုးဒယားသို့ ပြန်အဆုတ် လမ်းတွင် ရခိုင်ဘက်မှ သက်မင်းက တိုက်သဖြင့် ယိုးဒယား ဘုရင်၏ ညီတော် ဗြသမွန် ကို အရှင် လက်ရ ဖမ်းမိ၏။

ပင်လယ်လမ်းကြောင်းက ယိုးဒယားရေတပ် အ
ပေါင်းကိုလည်း ရခိုင်ရေတပ်မတော်က ချေမှုန်းအောင်မြင်၏။ယိုးဒယားမင်းက ရွှေငွေ ရတနာ၊ အမြောက်၊ ပြောင်း၊ ကြေးရုပ် အစရှိသည်တို့ အများအပြား တို့ကို ရခိုင်မင်း ထံ ဆက်သလေ၏။ ရခိုင်မင်း ကလည်း ယိုးဒယားမင်း၏ ညီတော်ကို ကောင်းမွန်စွာထားပြီး ယိုးဒယားသို့ ပြန်လွှဲပေးခဲ့သည်။

ရခိုင် ဘုရင် မင်းရာဇာကြီးသည် ဆင်ဖြူရတနာ သမီးကညာ လက်ဆောင် ဘဏ္ဍာ၊ ကျွန်ရွာ
(မွန်တလိုင်း သုံးသောင်း၊ ယိုးဒယား သုံးသောင်း ... လူခြောက်သောင်း)ကို သိမ်းယူပြီး ရခိုင်သက္ကရာဇ်
၉၆၁ အေဒီ ၁၅၉၉ တွင် ရခိုင်သို့ ပြန်သည်။ ရေလမ်းခရီး မော်တင်စွန်း အရောက်တွင် မင်းခြောက်ဆက် လက်ထက် ထင်ရှားသော သက်တော် ၁၁၁ နှစ်ရှိပြီဖြစ်သော မဟာပညာကျော် အမတ်ကြီးသည် ကွန်လွန် အနိစ္စ ရောက်၏။ မဟာပညာကျော်ကို သင်္ဂြိုဟ် သောနေရာတွင် စေတီတည်ထားပြီး မော်တင်စေတီဟုတွင်လေ၏။

သူရ မောင် ...
Ref: Arakanese Heros In The Chronicle ... by Mumbyr
Mum Thein Zen ...

ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ ) ရောက်  ရက္ခိုင့်တပ်မတော်((AA)နှင့်မြို့နယ်လူထုတွေ့ဆုံပွဲ

ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ )ရောက်
ရက္ခိုင့်တပ်မတော်(AA )ကိုယ်စားလှယ်များ
အားမင်းပြားမြို နယ်လူထုက (၉-၅-၂၀၁၄)နေ့ည ၄ နာရီချိန်တွင် လှိုက်လဲစွာကြိုဆိုခဲ့ကြ၏ ။

လေးမြို့ သတင်းမီဒီယာ