B.Tech မှ B.E ပေါင်းကူးဝင်ခွင့် စာမေးပွဲဖြေဆိုရန် ဇန်န၀ါရီ ဒုတိယပတ်မှ စတင် လျှောက်ထားနိုင်

B.Tech စာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ B.E ဘွဲ့အတွက် ပေါင်းကူးဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှစ၍ မိမိတို့ အောင်မြင်ခဲ့သော နည်းပညာ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်း များတွင် လျှောက်လွှာများ စတင်ရယူ လျှောက်ထား နိုင်ကြောင်း သိရသည်။
ထို့အပြင် ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများ နှင့် မိမိတို့ ဖြေဆိုရမည့် ဘာသာရပ် အလိုက် Scope များကို မိမိတို့ B.Tech သင်တန်း အောင်မြင်ခဲ့သည့် နည်းပညာ တက္ကသိုလ်၊ ကောလိပ် နှင့် သိပ္ပံကျောင်းများတွင် ဇန်နဝါရီ ၁၂ ရက်မှ စတင်ရယူ နိုင်ပြီး မေ ၂၉ ရက် နောက်ဆုံးထား လျှောက်ထား ရမည်ဖြစ်သည်။
ထိုကဲ့သို့ လျှောက်ထား ရာတွင် B.Tech ဘွဲ့လက်မှတ် မူရင်း သို့မဟုတ် အောင်မြင်ကြောင်း ထောက်ခံစာ၊ နိုင်ငံသား စိစစ်ရေးကတ် (မိတ္တူ)၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ကိုယ်တိုင် ဝန်ခံချက် နှင့် မိဘ အုပ်ထိန်းသူ များ၏ ဝန်ခံချက်၊ တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ လေးပုံတို့နှင့် အတူ လျှောက်ထား နိုင်ကြောင်း သိရသည်။
ထို့အပြင် B.E စာမေးပွဲ ဖြေဆိုမည့်သူ များသည် မိမိတို့ လျှောက်လွှာတင် ထားသည့် နည်းပညာ တက္ကသိုလ်၊ ကောလိပ် နှင့် သိပ္ပံကျောင်း များတွင် ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို ၂ဝ၁၅ ခုနှစ် ဇွန် ၂၇ ရက်တွင်
အင်္ဂလိပ်စာ ဘာသာရပ် အား နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လည်းကောင်း၊ သက်ဆိုင်ရာ ဘာသာရပ်ကို ဇွန် ၂၈ ရက်တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လည်းကောင်း ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။


Posted via Blogaway

SHARE THIS
Previous Post
Next Post