အစိုးရတပ်​မ​တော်​နှင့် ကိုးကန့် စစ်​ပွဲအတွင်း ကိုးကန့်တပ်​ဖွဲ့ ဝင်​ ၂၆ ဦး ကျဆုံး

(၁၆-၂-၂၀၁၅ ၊ ​လေးမြို့  ပြည်​တွင်းသတင်း)

လွန်​ခဲ့​သော ​ဖေ​ဖေါ်ဝါရီ ၉ ရက်​​နေ့ က စတင်​ဖြစ်​ပွားခဲ့​သော အစိုးရစစ်​တပ်​နှင့်​ ဦးဖုန်​ကြားရှင်​ဦး​ဆောင်​ ကိုးကန့်လက်​နက်​ကိုင်​တပ်​ဖွဲ့  (MNDAA )စစ်​ပွဲအတွင်း
ကိုးကန့်တပ်​မှ ကျဆုံးသူ ၂၆ ဦးခန့် ရှိသွားပြီဖြစ်​​ကြောင်း နိုင်​ငံပိုင်​မီဒီယာများ၏ ​ဖော်​ပြချက်​အရ သိရသည်​။

ကိုးကန့်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ ဖေဖော်ဝါရီ ၁၅ ရက်၌ ကိုးကန့်တိမ်းရှောင်အဖွဲ့မှ အလောင်းငါးလောင်းထပ်မံရရှိပြီး ကိုးကန့်တပ်ဖွဲ့ဝင် ၁၈ ဦး၏ အလောင်းများရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ဝင်များမှ  အပြင်းအထန် ဒဏ်ရာရသူ ရှစ်ဦးရှိပြီး ၎င်းတို့အား တပ်မတော်က ဆေးကုသမှုဆောင်ရွက်ပေးစဉ် သေဆုံးသွားကြောင်း  အစိုးရအဖွဲ့ ၏  ထုတ်​ပြန်​ချက်​အရ စုစု​ပေါင်း ၂၆ ဦး ယူဆနိုင်​​ကြောင်း သိရသည်​။

အဆိုပါ စစ်​ပွဲအတွင်း အစိုးရစစ်​တပ်​မှ တပ်​ဖွဲ့ ဝင်​ ၅၀ နီးပါးခန့်ကျဆုံးခဲ့​ကြောင်း မကြာ​သေးမီက ထုတ်​ပြန်​ခဲ့သည့်​ အစိုးရထုတ်​ပြန်​ချက်​အရ သိရပြီး ကိုးကန့် တပ်​မှ အကျအဆုံးစာရင်းကို ​တော့ အစိုးရဘက်​က မ​နေ့ ကယခုလို ထုတ်​ပြန်​​ကြေညာခဲ့ခြင်း ဖြစ်​​ကြောင်း သိရသည်​။

ရေးသားသူ-မင်းမြတ်​ခိုင်
ဓာတ်​ပုံ-​ဖေ့ဘုတ်
တင်​ဆက်​သူ -​လေးမြို့  သတင်းမီဒီယာ
------------------------------------------
အခြားယ​နေ့  လေးမြို့  သတင်းများ (၁၆-၂-၂၀၁၅) ******************************

၁။ White Crad များ ပြန်​လည်​သိမ်းဆည်းသွားမည်​ဟု အစိုးရမှ ထုတ်​ပြန်​ခဲ့​သော်​လည်း ရခိုင်​တစ်​ပြည်​နယ်​လုံး ဆန္ဒထုတ်​​ဖော်​ခဲ့

.....သတင်းအပြည့်​အစုံဖတ်​ရန်​.. ...>>>
http://maruthura.blogspot.com/2015/02/white-crad.html?m=1 �



SHARE THIS
Previous Post
Next Post