ဖုန်​ကြားရှင်​က ​နယ်​​မြေပြန်​ရလိုမှုနှင့်​ တိုက်​ပြီး တပ်​မ​တော်​က မိမိပိုင်​နက်​မဆုံးရှုံးရ​အောင်​ တိုက်​​၍ ​မြေဇာပင်​ပြည်​သူများသာ ဒုက္ခသည်​ ဖြစ်​ရတဲ့  စစ်​ပွဲ

(၁၆-၂-၂၀၁၅ ၊ ​လေးမြို့  ​ပေးစာ)

သတ္တဝါကြီး နှစ်​​ကောင်​ အင်​အားချင်း ပြိုင်​ကြ​တော့ အနီးအနားက အားနည်းတဲ့ သတ္တဝါ​လေး​တွေပဲ ဒုက္ခ​ရောက်​ရတာပါပဲ။
ဖုန်​ကြားရှင်​က နယ်​​မြေပြန်​ရလိုမှု​ကြောင့်
တိုက်​ပွဲကို ဖန်​ဆင်းခဲ့ပြီး တပ်​မ​တော်​က
မခံမရပ်​နိုင်​စွာ တုံ့ ပြန်​မှုဖြင့်​ ပုံကြမ်းကို ပြင်းရှရှ အ​ရောင်​​တွေ နဲ့ ချယ်​ခဲ့ပြီ။

အခု​တော့
တစ်​ဖက်​ကို တစ်​ဖက်​က ကျည်​ဆန်​​တွေ ၊အ​မြောက်​ဆံ​တွေ တ​ပွေ့ တစ်​ပိုက်​ကြီး
လက်​​ဆောင်​​တွေ ​ပေးခဲ့ ပြီ။ ဗယ်​လင်​တိုင်း​နေ့ အတွက်​လား ၊ ပြည်​​ထောင်​စု​နေ့  အတွက်​လား​တော့ မသိ။

တစ်​ချို့ က ​သေသည်​ ။ တစ်​ချို့  က ငိုသည်​။
တစ်​ချို့  ကနိုင်​သည်​။ တစ်​ချို့  က ရယ်​သည်​။
စစ်​သားအချို့   စစ်​​မြေပြင်​တွင် ​တိုက်​၍ အချို့ က အိပ်​ယာကုတင်​​ပေါ် တွင် အခန့်သားထိုင်​ရင်း တိုက်​​နေသလို အချို့ က Facebook ​ပေါ်တွင်​ ​အော်​ကြီးဟစ်​ကျယ်​ လုပ်​၍ တိုက်​​နေကြသည်​။
သေ​တော့ စစ်​​မြေပြင်​က လူ​တွေ​သေပြီး
နိုင်​​တော့ Facebook က စစ်​သည်​​တွေ ​အော်​သည်​။တစ်​ဖက်​က ကျူး​ကျော်​သူ​တွေကို
ချေမှုန်းကြဟု ဆိုပြီး တစ်​ဖက်​ကမူ နယ်​ချဲ့  များ၏ လက်​​အောက်​မှ ရုန်းထုတ်​ကြဟု ဆိုပြန်​သည်​။ထိုကိစ္စတွင်​ မည်​သူက ကျူး​ကျော်​သူဖြစ်​သနည်း ။ မည်​သူက နယ်​ချဲ့  ဖြစ်​သနည်း။ထပ်​ မ​တွေးဖြစ်​ခဲ့။

ကြားနေသူ ​မြေဇာပင်​​တွေရဲ့  ဘဝသာ ထိပါးခဲ့ရသည်​။ ​နေရင်းထိုင်​ရင်း ​သေနတ်​သံကြားရလို့  ပုန်းရ ၊ ​ပြေးရ ၊ လွှားရသည်​။ ​​အိမ်​​တွေ မီး​လောင်​ ပျက်​စီးရသည်​။ ဟိုဖက်​မှ ပစ်​သည်​ ၊ ဒီဘက်​မှ ပစ်​သည်​ဟု ​ဝေခွဲမရတဲ့ ကျည်​ဆံ​တွေရဲ့ ​ကောင်းမှု​ကြောင့်​ ​​သေဆုံးခဲ့ရသူ ပြည်​သူ​တွေရှိသည်။

တစ်​ချို့ က ပိုက်​ဆံရှိ​တော့ တရုတ်​ပြည်​ဘက်​သို့ထွက်​​ပြေးသည်​။ တစ်​ချို့ က နွမ်းပါး​တော့ နီးစပ်​ရာသို့  ​ပြောင်း​ရွှေ့ သည်​။
ဘုန်းကြီး​ကျောင်းမှာ တည်းရသည်​။ စာသင်​​ကျောင်းမှာ ​ခိုရသည်​။
ကားစီး၍ ထွက်​​ပြေး​သော ပြည်​သူအချို့  ​မကြာ​သေးမီက ​ထော်​လာဂျီ​မှောက်​၍ ​သေသည်​။ ကား​မှောက်​၍ ​သေသည်​။
ကျောင်းဆရာမ​တွေ ​သေသည်​။ လယ်​သမား​တွေ ​သေသည်​။ အလုပ်​သမား​တွေ
သေသည်​။

အစိုးရဘက်​မှ​ နိုင်​သည်​။ ဖုန်​ကြားရှင်​ လည်း ​နိုင်​သည်​။ ပြည်​သူ​တွေ ၊ ​ဒေသခံ​တွေသာ ရှုံးသည်​။နောက်​တစ်​မျိုး ​ပြောင်းပြီး အဆုံးသတ်​ကြည့်​ကြမယ်​။ အစိုးရနှင့်​ ဖုန်​ကြားရှင်​ တို့  တစ်​ဖက်​နှင့်​ တဖက်​တိုက်​ကြသည်​။ ​နောက်​ဆုံး​တော့
အပစ်​အခတ်​ရပ်​စဲ​ရေးကို လည်​ဖက်​ပြီး လက်​မှတ်​​ရေးထိုးကြမည်​။ သူတို့ နှစ်​ဦး အသင့်​ဖြစ်​သွား​တော့ ပြည်​သူ​တွေသာ နာသည်​။သေသည်​။

အလတ်​​ကောင်
(ငြိမ်းချမ်း​ရေးကို လိုလားသူ)



SHARE THIS
Previous Post
Next Post