ကိုးကန့် စစ်​ပွဲအတွင်း ကျန်​တိုင်းရင်းသားအဖွဲ့  များ ပူး​ပေါင်းမပါဝင်​ကြရန်​ အစိုးရစစ်​တပ်​မှ ကာကွယ်​ဦးစီးချုပ်​ ဦး​မင်း​အောင်​လှိုင်​​ပြောကြား

(၁၄-၂-၂၀၁၅ ၊ ​လေးမြို့  နံနက်​ပိုင်းသတင်း)

ပြီးခဲ့​သော ​ဖေ​ဖေါ်ဝါရီ ၉ ရက်​​နေ့  ကစပြီး ရှမ်းပြည်​နယ်​​မြောက်​ပိုင်းတွင်​ ဖြစ်​ပွား​နေ​သော အစိုးရစစ်​တပ်​နှင့်​ ဖုန်​ကြားရှင်​ ဦး​ဆောင်​​သော MNDAA တို့  စစ်​ပွဲ များအကြား ကျန်​တိုင်းရင်းသားလက်​နက်​ကိုင်​တပ်​များအ
နေဖြင့်​ ကိုးကန့် တပ်​များအား စစ်​​ရေးအရ ကူညီမှုမပြုကြရန်​ အစိုးရစစ်​တပ်​မှ ဦးမင်း​အောင်​လှိုင်​က ဖေ​ဖော်​ဝါရီလ ၁၃ ရက်​​နေ့ တွင်​ ပြောကြားခဲ့ ​ကြောင်း နိုင်​ငံပိုင်​မီဒီယာများ၏ ​​ဖော်​ပြချက်​အရ သိရသည်​။

ဖေ​ဖေါ်ဝါရီ ၁၃ ရက်​​နေ့  က ​နေပြည်​​တော်​ ၊ ကာကွယ်​​ရေးဝန်​ကြီးဌာနရှိ ဘုရင်​​နောင်​ဧည့်​ရိပ်​သာ၌ ကျင်းပခဲ့​သော အစိုးရတပ်​မ​တော်​နှင့် တိုင်းရင်းသားလက်​နက်​ကိုင်​ တပ်​ဖွဲ့ ၁၃ ဖွဲ့  တို့ ​တွေ့  ဆုံ ခဲ့သည့်​ ​တွေ့ ဆုံပွဲအပြီး ယခုကဲ့သို့ ​ပြောကြားခဲ့ခြင်းဖြစ်​​ကြောင်း အဆိုပါ​တွေ့ ဆုံပွဲ တက်​​ရောက်​ခဲ့သူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှ၏ ​ပြောကြားချက်​အရ သိရသည်​။

ပြီးခဲ့ ​သော ​ဖေ​ဖော်​ဝါရီလ ၁၃ ရက်​​နေ့  နံနက်​ပိုင်းကလည်း အစိုးရစစ်​တပ်​မှ KIA ဌာနချုပ်​ ရှိရာ လိုင်​ဇာအနီးသို့  လက်​နက်​ကြီးများဖြင့်​ အကြိမ်​ ၂၀ ​ကျော်​ခန့်
ပစ်​ခတ်​ခဲ့ပြီး အစိုးရစစ်​တပ်​သည်​ ကချင်​တိုင်းရင်းသား လက်​နက်​ကိုင်​တပ်​ဖွဲ့  တစ်​ဖွဲ့ ဖြစ်​​သော KIA နှင့်​ လည်း ​​စစ်​​ရေးအ​ခြေအ​နေများ တင်းမာလျှက်​ရှိ​ကြောင်းသိရသည်​။

ရေးသားသူ-မင်းမြတ်​ခိုင်
ဓာတ်​ပုံ - Facebook
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post