ဆန္ဒပြကျောင်းသားကျောင်းသူများ သိရှိနိုင်ရန် နိုင်ငံ​​တော်သမ္မတရုံးမှ ​သေတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၅ / ၂၀၁၅ )
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်
၁၃၇၆ ခု၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်

၁။ ၁၁-၂-၂၀၁၅ နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စား လှယ်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ NNER ကိုယ်စားလှယ်များ၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ မှ ကျောင်းသားကိုယ်စားလှယ်များနှင့် လေးပွင့်ဆိုင်တွေ့ဆုံညှိနှိုင်း ဆွေးနွေးရာတွင် တောင်းဆိုချက် (၁၁) ချက်နှင့်ပတ်သက်၍ နှစ်ဖက်သဘောတူညီချက်များ ရရှိခဲ့ကြပြီး ဖြစ်ပါသည်။

၂။ ၎င်းအပြင် အခြားသဘောတူညီချက်များကိုလည်း လိုက်လျောပေးထားပြီး ဖြစ်၍ သပိတ်စစ်ကြောင်းများ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ခြင်း မပြုရန် အဆိုပါ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားထားပြီး ဖြစ်ပါသည်။ ယင်းဆွေးနွေးပွဲ ရလဒ်များကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် ၁၄-၂-၂၀၁၅ နေ့တွင် လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီ ထားပြီး ဖြစ်ပါသည်။

၃။ သို့သော် ယခုအခါ သပိတ်စစ်ကြောင်းများသည် ရန်ကုန်မြို့သို့ ဆက်လက် ဦးတည် လှုပ်ရှားနေကြသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေ ရန်နှင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး တို့ အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ သပိတ်စစ်ကြောင်းများ ဝင်ရောက်ခြင်း မပြုနိုင်ရန် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့



SHARE THIS
Previous Post
Next Post