ရေနံ​ချောင်းရှိ မြို့ မ​ဈေးကြီး မီး​လောင်​မှု​ကြောင့်​ ဆိုင်​ခန်း​ပေါင်း ၃၀၀ ​ကျော်​ဆုံးရှုံး

(၁၇-၂-၂၀၁၅ ၊ ​လေးမြို့ သတင်းတို)

မြန်​မာနိုင်​ငံအလယ်​ပိုင်း ၊ မ​ကွေးတိုင်း​ဒေသ
ကြီး ​ရေနံ​ချောင်းမြို့ ရှိ မြို့  မ​ဈေးကြီး၌ ယ​နေ့ နံနက်​က မီး​လောင်​မှုဖြစ်​ပွားရာ ​ဈေးဆိုင်​ခန်း
ပေါင်း ၃၀၀ ​ကျော်​ ​လောင်​ကျွမ်းဆုံးရှုံးခဲ့ရ
ကြောင်း သိရသည်​။

အဆိုပါ မီး​လောင်​ကျွမ်းမှုသည်​ ယ​နေ့  ​ဖေ​ဖော်​ဝါရီ လ ၁၇ ရက်​​နေ့  ၊ မနက်​ ၂ နာရီ ၊ ၁၅ မိနစ်​ခန့်​လောက်​ စတင်​​လောင်​ကျွမ်းခဲ့
သည်​ဟု သိရပြီး မနက်​ ၅ နာရီ အချိန်​ခန့်မှသာ
မီးညွှန့်​ ကျိုးခဲ့​ကြောင်း DVB ၏ ​ဖော်​ပြချက်​အရ
သိရသည်​။

အဆိုပါ မီး​လောင်​မှုအတွက်​ ပျက်​စီးဆုံးရှုံးမှုကို
မတွက်​ချက်​နိုင်​​သေး​သော်​လည်း ​ဈေးတစ်​ခုလုံးနီးပါး ​လောင်​ကျွမ်းခဲ့ရ​ကြောင်း သိရသည်​။

ရေးသားသူ-မင်းမြတ်​ခိုင်
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post