White Card ကိစ္စ ရခိုင်​လူထုဘက်​မှ ရပ်​တည်​သွားမည်​ဟု ရခိုင်​ဝန်​ကြီးချုပ်​ဆို

(၁၇-၂-၂၀၁၅ ၊ ​လေးမြို့  ​သတင်းတို)

လက်​ရှိမြန်​မာနိုင်​ငံတွင်​ ထိပ်​တန်း​ရောက်​​နေ
သည့်​ အ​ရေးကိစ္စများအနက်​ တစ်​ခုအပါအဝင်
်​ဖြစ်​သည့်​ White Card ကိစ္စ တွင်​ ရခိုင်​လူထုဘက်​မှသာ ရပ်​တည်​သွားမည်​ဟု ရခိုင်​ပြည်​နယ်​ဝန်​ကြီးချုပ်​ဦး​မောင်​​မောင်​အုန်း
က ​ပြောကြားခဲ့​ကြောင်း Mizzima မီဒီယာ၏ ​​ဖော်ပြချက်အရ ​​သိရသည်​။

အစိုးရမှ White Card များအား ပြန်​လည်​အပ်​နှံရ
မည်​ဟု ထုတ်​ပြန်​​ကြေညာခဲ့ပြီးဖြစ်​​သော်​လည်း ပြီးခဲ့​သော ​ဖေ​ဖော်​ဝါရီ ၁၅ ရက်​​နေ့ က ရခိုင်​ပြည်​နယ်​ တစ်​ခုလုံး၌ White Card ကန့်ကွက်​ဆန္ဒပြပွဲများ ပြုလုပ်​ခဲ့ကြသည့်​​နောက်​ပိုင်း ယခုကဲ့သို့ ​ပြောကြားလိုက်​ခြင်းဖြစ်​​ကြောင်း သိရသည်​။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ''မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေက ပြည်သူ့ဆန္ဒ အမှန်ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ကတော့ ရခိုင်ပြည်သူတွေရဲ့ဆန္ဒကို အသိအမှတ်ပြု ရပ်တည်ပြီးမှ ပြန်လည် ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်'' ဟု Mizzima တွင်​ ​ဖော်​ပြထားသည်​။

ဖေ​ဖော်​ဝါရီ ၁၅ ရက်​​နေ့ က White Card ကန့်​ကွက်​ဆန္ဒထုတ်​​ဖော်​ပွဲတွင်​ ပါဝင်​ခဲ့သူ ဦး​ကျော်​​ဇောက ''ဒီကတ်တွေအစား တစ်ခုခုထုတ်ပေးမယ်ဆိုတဲ့ သဘောဖြစ်နေတယ်၊ အဲဒီလို ထုတ်ပေးတဲ့အခါ ယာယီကတ်ထက်ပိုပြီး ခိုင်လုံတဲ့ကတ်မျိုး၊ မဲပေးလို့ရတဲ့ ကတ်မျိုး ဖြစ်နေရင်ကောဗျာ၊ ကျွန်တော်တို့အနေနဲ့ အစိုးရရဲ့ လှည့်ကွက်တွေကို ယုံကြည်လို့ မရပါဘူး'' ဟု ​ပြောကြားခဲ့​ကြောင်း သိရသည်​။

လွန်​ခဲ့​သော ရက်​အနည်းငယ်ခန့်​ကလည်း
ရခိုင်​ပြည်​နယ်​အတွင်း ပြန်​လည်​သိမ်းဆည်း​နေ သည့်​ White Card ကိစ္စတွင်​ နိုင်​ငံတကာမှ NGO များအ​နေဖြင့်​ ဝင်​​ရောက်​စွက်​ဖက်​ခြင်း မပြုလုပ်​ကြရန်​ ဝန်​ကြီးချုပ်​ ဦး​မောင်​​မောင်​အုန်း က သတိ​ပေးခဲ့ပြီးဖြစ်​သည်​။

ရေးသားသူ - မင်းမြတ်​ခိုင်
တင်​ဆက်​သူ - ​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post