ဂမုန်းပွင့်​ ကုန်​တိုက်​မီး​လောင်​မှုတွင်​ ပိတ်​မိ​နေခဲ့သူ ၃၀ ​ကျော်​အား ခက်​ခက်​ခဲခဲကယ်​ထုတ်​ခဲ့ရ

(၁၉-၂-၂၀၁၅ ၊ ​လေးမြို ပြည်တွင်း​​သတင်းတို)

ဖေ​ဖေါ်ဝါရီ ၁၈ ရက်​​နေ့  ၊ ည​ ၉:၁၅ အချိန်​​လောက်​က ရန်​ကုန်​မြို့  ၊ ကမ္ဘာ​အေးဘုရားလမ်း​ပေါ်ရှိ ဂမုန်းပွင့်​ ကုန်​တိုက်​၌ မီး​လောင်​မှုဖြစ်​ပွားရခဲ့ပြီး ကုတ်​တိုက်​အ​ပေါ်၌ ပိတ်​မိ​နေသူ ၃၀ ​ကျော်​အား ခက်​ခက်​ခဲခဲ ကယ်​ထုတ်​ခဲ့ရ​ကြောင်း သိရသည်​။

မီး​လောင်​ကျွမ်းရခြင်း၏ အ​ကြောင်းအရင်းကို အတိအကျမသိရ​သေး​သော်​လည်း မီးသည်
ည ၉ နာရီ ၁၅ မိနစ်​ခန့် ​လောက်​တွင်​ စတင်​ ​လောင်​ကျွမ်းခဲ့သည်​ဟု ယူဆနိုင်​​ကြောင်း အနီးအနား မှ ရပ်​ကွက်​​လူတစ်​ဦး၏ ​ပြော ကြားချက်​အရ သိရသည်​။

အဆိုပါ မီးသည်​ အတွင်း၌လှိုက်​၍ ​လောင်​ကျွမ်း ​နေခဲ့သဖြင့်​ အတွင်းသို့  ဝင်​​ရောက်​ငြိမ်းသတ်​ရန်​ ကြိုးပမ်းခဲ့သည့်
မီးသတ်​တပ်​ဖွဲ့ ဝင်​များအား ​ဆေးကုသ​ပေး​ခဲ့ရ​ကြောင်း သိရသည်​။

အဆိုပါ မီး​လောင်​ကျွမ်းမှုတွင်​ ကုန်​တိုက်​​ပေါ်၌ ပိတ်​မိ​နေသူများအား မီးသတ်​​လှေကားမှ ချကာ ကယ်​ထုတ်​ခဲ့ရ​ကြောင်း သိရပြီး ကယ်​ထုတ်​ခဲ့ရသူများထဲတွင်​ ရင်​ခွင်​ပိုက်​အရွယ်​ က​လေးငယ်​တစ်​ဦး ၊ မီးစတင်​​လောင်​ကျွမ်းစဉ်​က ဓာတ်​​လှေကားတွင်​ ပိတ်​မိ​နေ​သော အမျိုးသမီးတစ်​ဦးနှင့်​ နိုင်​ငံခြားသားတစ်​ဦးတို့  ပါဝင်​​ကြောင်း မီးသတ်​တပ်​ဖွဲ့၏ ​ပြောကြားချက်​အရ သိရသည်​။ အဆိုပါမီးကို နံနက်​ ၁ နာရီ အချိန်​၌ အပြီးသတ်​ငြိမ်းသတ်​နိုင်​ခဲ့​ကြောင်း သိရသည်​။

ရေးသားသူ-သက်​ထား​ရွှေစင်
တင်​ဆက်​သူ - ​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post