စစ်​အုပ်​ချုပ်​​ရေးဟု ​ကြေငြာထား​သော်​လည်း တိုက်​ပွဲများဆက်​ဖြစ်​၍ အစိုးရစစ်​တပ်​ဘက်​မှ ဗို​လ်​ကြီးတစ်​ဦးကျဆုံး

(၁၉-၂-၂၀၁၅ ၊ ​လေးမြို့  သတင်းမီဒီယာ)

တိုက်​ပွဲများပြင်းထန်​စွာဖြစ်​ပွား​နေ​သော ​ကိုးကန့် ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသအား
ဖေ​ဖော်​ဝါရီ ၁၇ ရက်​တွင်​ စစ်​အုပ်​ချုပ်​​ရေးဟု အစိုးရမှ ​ကြေငြာထားခဲ့​သော်​လည်း တိုက်​ပွဲများဆက်​လက်​ဖြစ်​ပွားခဲ့ပြီး အစိုးရစစ်​တပ်​ဘက်​မှ ဗိုလ်​ကြီးတစ်​ဦး ကျဆုံးခဲ့​ကြောင်း နိုင်​ငံပိုင်​မီဒီယာများ၏ ​ဖော်​ပြချက်​အရ သိရသည်​။

ထို​ကြေငြာချက်​ထုတ်ပြန်ပြီး​​နောက်​တ​နေ့ မနက်​၌  ချင်း​ရွှေ​ဟော်​မြို့  အနီးတွင်​ အစိုးရစစ်​တပ်​ဘက်​မှ စစ်​ယာဉ်​တန်းတစ်​ခုတိုက်​ခိုက်​ခံရကာ ဗိုလ်​ကြီးတစ်​ဦး ကျဆုံးခဲ့ပြီး တပ်​သား ၃ ဦး ဒဏ်​ရာ​ရရှိခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ တိုက်​ခိုက်​ခံ​​ရ​သော စစ်​ယာဉ်​တန်းသည်​ လွန်​ခဲ့​သောရက်​က ကြက်​​ခြေနီယာဉ်​တန်း
တိုက်​ခိုက်​ခံရခဲ့သည့်​​နေရာအား ရှင်းလင်းရန်​နှင့်​ ရှေ့တန်း တပ်မတော်သားများအတွက် ရိက္ခာပို့ရန် သွားခြင်း ဖြစ်ပြီး အဆိုပါ ယာဉ်တန်းကြီးအား တပ်မ( ၁၁ ) နှင့် 
စစ်ဆင်ေ​​​​​​ရးကွပ်ကွဲမှူးဌာနချုပ်မှ တပ်မမှူးက ဦးေ​​​ဆာင်လာခြင်း ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါ တိုက်​ခိုက်​ခံရမှု​ကြောင့်​ တပ်​မ(၁၁)မှ
ဗိုလ်​ကြီး ရဲစည်သူေ​ကျာ်ေ​သနတ်ထိမှန်ေ​​သဆုံးရပြီး တပ်ဖွဲ့  ဝင် ၃ ဦး ဒဏ်ရာရရှိရာ ကွမ်းလုံေ​​​​ဆးရုံ၌ ကုသခံ​နေရ​​ကြောင်း သိရသည်။

အဆိုပါ ယာဉ်​တန်းတိုက်​ခိုက်​ခံရမှူနှင့်​ ပတ်​သက်​၍ သွား​ရောက်​ကယ်​ဆယ်​ခဲ့သည့်
စစ်​ကူတပ်​မှ တပ်​သားတစ်​ဦးက ‘‘ကျွန်တော်တို့ ယာဉ်တန်း လုံထန်နားရောက်တော့ တောင်ပေါ်ကနေ စနိုက်ပါတွေနဲ့ ဆက်တိုက်
်ပစ်တာ။ အင်အားတော်တော်များတယ်။ ကားတစ်စီးလုံး လက်နက်ကြီးထိပြီး မှောက်ကျန်ခဲ့တာ’’ ဟုေ​​​ပြာကြားခဲ့​ကြောင်း
7 Days News တွင်​ ​ဖော်​ပြထားသည်​။
 
တိုက်ပွဲစတင် ဖြစ်ပွားသည့် ဖေဖော်ဝါရီ ၉ ရက် မှ ၁၈ ရက် အထိ တပ်မတော်မှ ကျဆုံးသူ စုစုပေါင်း ၅၀ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၀ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရပြီး ကိုးကန့် တပ်​မှ ၂၆ ဦးသာ ကျဆုံး​ခဲ့ကြောင်း ​ဖေ​ဖော်​ဝါရီ ၁၅ ရက်​​နေ့  အစိုးရ၏  ထုတ်​ပြန်​ချက်
မှအပ ​နောက်​ပိုင်းအကျအဆုံးစာရင်းများ ထွက်​​ပေါ်လာခြင်း မရှိ​သေးဘဲ သတင်း​မှောင်
ကျ​နေ​ကြောင်း သိရသည်​။

ရေးသားသူ - မင်းမြတ်​ခိုင်
တင်​ဆက်​သူ- ​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post