ကြက်​​ခြေနီယာဉ်​တန်းများ နှစ်​ကြိမ်​တိုင်​တိုင်​ တိုက်​ခိုက်​ခြင်းခံရ​သော်​လည်း ယခုထိ လက်​သည်​မ​ပေါ်​သေး
(၂၄-၂-၂၀၁၅ ၊ ​လေးမြို့  ပြည်​တွင်းသတင်း)
အစိုးရစစ်​တပ်​နှင့်​ ကိုးကန့် တပ်​ဖွဲ့ တို့  စစ်​ပွဲများအတွင်း စစ်​​ရှောင်​ပြည်​သူများအား ကူညီကယ်​ဆယ်​​နေသည့်​ ကြက်​​ခြေနီတပ်​ဖွဲ့၏ ယာဉ်​တန်းများ နှစ်​ကြိမ်​တိုင်​တိုင်​ တိုက်​ခိုက်​ခံခဲ့ရ​သော်​လည်း မည်​သည့်​အဖွဲ့  ၏ လက်​ချက်​ဟု တိတိကျကျ မသိရ​သေးဘဲ တစ်​ဖွဲ့  အ​ပေါ် တစ်​ဖွဲ့  က စွပ်​စွဲချက်​များဖြင့်​ အပြစ်​ပုံချကာ တရားခံ အစစ်​အမှန်​လက်​သည်​ မ​ပေါ်နိုင်​ဘဲ ဖြစ်​​နေ​ကြောင်း သိရသည်​။
င်း​စစ်​ပွဲအတွင်း အလံဖြူလွှင့်​ထူထားသည့်​ ကြက်​​ခြေနီယာဉ်​များတိုက်​ခိုက်​ခံရမှုနှင့်​ ပတ်​သက်​၍ အစိုးရစစ်​တပ်​ဘက်​မှ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက အဆိုပါပစ်​ခတ်​တိုက်​ခိုက်​မှုသည်​ MNDAA ကိုးကန့်တပ်​ဖွဲ့ ၏လက်​ချက်ဖြစ်
ကြောင်း ပထမကြိမ်​ ကြက်​​ခြေနီယာဉ်​တန်းများ တိုက်​ခိုက်​ခံရမှုပြီး ​ဖေ​ဖော်​ဝါရီ ၂၁ ရက်​​နေ့ က
နေပြည်​​တော်​၌ ကျင်းပသည့်​ သတင်းစာရှင်းလင်း
ပွဲတွင်​ စွပ်​စွဲ​ပြောကြားလိုက်​ခြင်း​ဖြစ်​ပြီး အဆိုပါကြက်​​ခြေနီယာဉ်​တန်းအား တိုက်​ခိုက်​ခံရသည့်​ပြစ်​မှုအတွက်​ ထိ​ရောက်​စွာ အ​ရေးယူ​ဆောင်​ရွှက်​သွားမည်​ဟု ​ပြောကြား
ခဲ့​ကြောင်း သိရသည်​။
သို့ ​သော်​ အဆိုပါကြက်​​ခြေနီယာဉ်​တန်း တိုက်​ခိုက်​ခံရမှုများနှင့်​ ဆက်​စပ်​၍ မည်​သည့်​အဖွဲ့ က ပစ်​ခတ်​တိုက်​ခိုက်​ခြင်း ဖြစ်​သည်​ကို မသိရ​သေး​သော်​လည်း ကိုးကန့်တပ်​ဖွဲ့  (MNDAA )မှ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးထွန်းမြတ်​လင်းက သူတို့ တပ်​ဖွဲ့ မှ ပစ်​ခတ်​ခဲ့ခြင်းမဟုတ်​ဟု နှစ်​ကြိမ်​တိုင်​တိုင်​  ငြင်းဆိုသွားခဲ့​ကြောင်း သိရသည်​။
ကိုးကန့်တပ်​မှ ဦးထွန်းမြတ်​လင်းက ပထမအကြိမ်​ ကြက်​​ခြေနီယာဉ်​တန်းများ တိုက်​ခိုက်​ခံရမှုနှင့်​ စပ်​လျဉ်း၍ “လောက်ကိုင်မြို့ရဲ့ နောက်ဘက်ပတ်ဝန်းကျင်ရယ်၊ နောက်ပြီးတော့ ချင်းရွှေဟော် ဆိုတဲ့မြို့နဲ့ကြားက မြန်မာ့တပ်မတော် ထိန်းချုပ်ထားတဲ့ နယ်မြေပါခင်ဗျ။ သူတို့ထိန်းချုပ်တဲ့ နယ်မြေဆိုတော့ ကျနော်တို့တပ်က အဲဒီမှာ ပစ်ဖို့မပြောနဲ့ ကပ်ဖို့တောင် မလွယ်ပါဘူး။ အဲဒီတော့ ဒီကြက်ခြေနီ ယာဉ်တန်းက ကျနော်တို့ သွားပစ်ခတ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူးခင်ဗျ။ ကျနော် ငြင်းလည်းငြင်းပါတယ်ခင်ဗျ။ "ဟု
အစိုးရစစ်​တပ်​ဘက်​မှ စွပ်​စွဲချက်​များအား ငြင်းဆိုသွားပြီး ဒုတိယအကြိမ် အကြိမ်တွင်လည်း ​​​``မဟုတ်ပါဘူးဗျ။  အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်လည်း ရှင်းပြခဲ့ပြီးပါပြီခင်ဗျ။ လောက်ကိုင်ကနေတောက်လျှောက် ချင်းရွှေဟော်အထိက ဗမာ့တပ်မတော်က
နေပြီးတော့မှ ထိန်းသိမ်းထားပါတယ်။ ကျနော်တို့ လမ်းတဘက်တချက်ကို ကပ်ချင်ရင်တောင် ကပ်လို့မရပါဘူး။ အဲဒီတော့ ကျနော်တို့ ပစ်ခွင့်လည်း မရှိပါဘူးခင်ဗျ။´´ဟု ငြင်းဆိုလိုက်
ေ​​ကြာင်း သိရသည်​။
အဆိုပါ အပြန်​အလှန်​တုံ့ ပြန်​​ပြောဆိုချက်​များကို သုံးသပ်​ရမည်​ဆို​သော်​ ကိုးကန့် တပ်​ဖွဲ့ မှ ဦးထွန်းမြတ်​လင်း ​ပြောဆိုချက်​အရ ကြက်​​ခြေနီယာဉ်​များတိုက်​ခိုက်​ခံရသည့်​ ​မြေပြင်​အ​နေအထားသည်​ အစိုးရစစ်​တပ်​၏ ထိန်းချုပ်​နယ်​​မြေအတွင်းဖြစ်​သဖြင့်​ ကိုးကန့်တပ်​မှ ပစ်​ခတ်​ခြင်းမဟုတ်​ဟု ယူဆရ
မလိုလိုဖြစ်​ပြီး တဖန်​ အစိုးရစစ်​တပ်​၏ ထိမ်းချုပ်​နယ်​​မြေအတွင်း ဖြစ်​ပွားခဲ့သဖြင့်​ စစ်​တပ်​ကပဲ ပစ်​ခတ်​ခဲ့သလိုလို ထင်​​ယောင်​ထင်​မှား ယူဆနိုင်​ဖွယ်​ဖြစ်​​နေသည်​။
အဆိုပါကြက်​​ခြေနီယာဉ်​တန်းများ တိုက်​ခိုက်​ခံရမှုပတ်​သက်​၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်လှက
“Geneva Convention အရ ပဋိပက္ခဖြစ်တဲ့ အချိန်မှာ၊ ကျနော်တို့ အရပ်ဖက်ပေါ့နော် အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်ပိုင်ခွင့် မရှိပါဘူး။ နောက်တချက်က ကျနော်တို့ International Humanitarian Law ဆိုတာရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေဆိုတာ ရှိပါတယ်။ အဲဒီဥပဒေအရလည်း ဒီလိုလုပ်ခွင့်မရှိပါဘူး။ ဒီလိုပစ်ခတ် တိုက်ခိုက်ခြင်း
အားဖြင့် Geneva Convention နဲ့ IHL ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ကျနော်တို့မြင်ပါတယ်။ ဒါမျိုးက မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စ ဖြစ်ပါတယ်”ဟု ​ပြောကြားခဲ့​ကြောင်း သိရသည်​။
ပြီးခဲ့​သော ​ဖေ​ဖော်​ဝါရီ ၁၇ ရက်​နေ့ က
ဒဏ်​ရာရရှိခဲ့​ကြောင်း သိရသည်​။ ​တဖန် ​ဖေ​ဖော်​ဝါရီ  ၂၂ ရက်​​နေ့ တွင်​ ဒုတိယအကြိမ်​ တိုက်​ခိုက်​ခံခဲ့ရပြီး ကား​ပေါ်တွင်​ ပါလာသည့်​  ​စေတနာဝန်​ထမ်း ကြက်​​ခြေနီတပ်​ဖွဲ ဝင်​တစ်​ဦး ၊
သတင်း​ထောက်​တစ်​ဦး နှင့်​ အရပ်​သား ၃ ဦး တို့  ထိခိုက်​ဒဏ်​ရာများ ရရှိခဲ့​ကြောင်း သိရသည်​။သို့ ​သော်​ အဆိုတိုက်​ခိုက်​ခံရမှု၏ တရားခံလက်​သည်
ကို​တော့ အခုထိ တိတိကျကျ ​ဖော်​ထုတ်​နိုင်​ခြင်း
မရှိ​သေး​ကြောင်း သိရသည်​။
ရေးသားသူ - မင်းမြတ်​ခိုင်
တင်​ဆက်​သူ - ​လေးမြို့  သတင်းမီဒီယာ
SHARE THIS
Previous Post
Next Post