မြေပုံမြို့၊ င/မန်းရဲကျွန်းရှိ အစိုးရတာတမံအား ယခုနှစ် မိုးရာသီမတိုင်မီ အပြီးဆည်ဖို့သွားမည်ဟုဆို

ရခိုင်ပြည်နယ်၊ မြေပုံမြို့ င/မန်းရဲကျွန်းတွင် တည်ဆောက်ထားသည့် အစိုးရတာတမံအား ယခုနှစ် မိုးရာသီမတိုင်မီ အပြီး ဆည်ဖို့သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းတာတမံအား ၂၀၀၉-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းအလျား ၂၅.၄၃ မိုင်အား ဆောင်ရွက်ပြီးစီးခဲ့ပြီးနောက် ကျန်ရှိနေသည့် အလျားများကို ယခုနှစ် မိုးရာသီမတိုင်မီ အပြီးဆည်ဖို့ သွားမည် ဖြစ်သည်။

“နောက်ကျန်နေသေးတဲ့ အလျားငါးမိုင်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေနဲ့ ၂၀၁၅ ခုနှစ် မိုးရာသီမတိုင်မီ ရာနှုန်း ပြည့် ပြီးစီးအောင် ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌါန ဦးခင်ဇော်မှ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

(၁၁)ကြိမ်မြောက် ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြေပုံမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဖေသန်းမှ မြေပုံမြို့နယ်၊ င/မန်းရဲကျွန်းရှိ အစိုးရတာတမံ ပြီးမြောက်ရေးနှင့် တာတမံအတွင်းရှိ ပုဇွန်ကန် ပြဿနာ များ ရှင်းလင်းပေးရန် မေးမြန်းချက်အပေါ်တွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြေပုံမြို့နယ်ရှိ င/မန်းရဲကျွန်းတွင် တည်ဆောက်ထားသော အစိုးရတာတမံသည် အလျားမိုင် ၃၆ မိုင်နှင့် ဧရိယာဧက ၁၂၃၀၀ ဧက ရှိပြီး ၁၀၀၄ ခုနှစ်ခန့်တွင် မုန်တိုင်းတိုက်ခံခဲ့ရသောကြောင့် တာတမံ ပျက်စီးခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ယင်းတာတမံထဲတွင် စီးပွားရေးလုပ်ငန်းရှင်များမှ ပုစွန်ကွင်းများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံ အလုပ် သမားများနှင့် ပြဿနာများ ဖြစ်ခဲ့ပြီး အရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် နီးစပ်ရာမြို့နယ်များရှိ အစိုးရ တာများပေါ် တွင်လည်း ပုစွန်ကွင်းများ ပြုလုပ်လာနေကြောင်း သိရှိရသည်။

From-Development News Journal



SHARE THIS
Previous Post
Next Post