တောင်ကုတ်မြို့တွင် ဦးဥတ္တမရုပ်ထု စိုက်ထူမည့် မြေနေရာ ရွှေ့ပြောင်းခံရ

ဖေဖေါ်ဝါရီ ၂၆

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် စစ်တွေ၊ မြောက်ဦးတို့မှာလို ဆရာတော် ဦးဥတ္တမရုပ်ထုကို စိုက်မည်ဟု မြို့တွင်း၌ မြေနေရာစီစဉ်သော်လည်း ဒေသခံခရိုနီများက ကန့်ကွက်မှုများ၊ ပိုင်စိုးပိုင်နက်ပြုလုပ်မှုများကြောင့် တောင်ကုတ်မြို့နှင့် တစ်ဖာလုံးဝေးသော နေရာသို့ ရွှေ့ပြောင်းပေးလိုက်ရကြောင်း သတင်းရရှိသည်။

ဆရာတော် ဦးဥတ္တမရုပ်ထုကို တောင်ကုတ်မြို့၊ မြို့လယ်ခေါင် ညောင်ပင်ဝိုင်း၌ စိုက်ထူမည်ဟု စီစဉ်ထားသော်လည်း ဒေသခံခရိုနီးများက ဟန့်တားမှုများ ရှိသောကြောင့် မြို့အထွက်နှင့် တစ်ဖာလုံးဝေးသော ပြည်တောင်ကုန်းလမ်းဘေး၌ စိုက်ထူသွားမည်ဖြစ်ကြောင်း လူထုအကျိုးဆောင် ကော်မတီ (တောင်ကုတ်) တာဝန်ခံ ကိုဇေယျကျော်က ပြောသည်။

“ အဓိက မြို့နယ်စည်ပင်သာယာရဲ့ အမြော်အမြင်ပါ။ အရင်သတ်မှတ်ထားတာက မြေနေရာကျဉ်းမြောင်းလို့ပါ။ လူနေရပ်ကွက်ထဲမှာ ရှိနေတဲ့အတွက်ဆိုပြီး အကြောင်းပြပါတယ်။ အဓိက ဒီနှစ်ချက်ပါပဲ။ အဓိက ခရိုနီတွေ ပါဝင်ပတ်သက်နေပါတယ်။ ” ဟု ပြောသည်။

ဦးဥတ္တမ ရုပ်ထုကို စိုက်ထူရန် အလှူငွေများ လိုက်လံအလှူနေခံနေကြောင်း၊ ယခုအချိန်မှာ တစ်ခုမှ အကောင်အထည်မဖော်သေးကြောင်း၊ သို့သော်လည်း လာမည့် စက်တင်္ဘာလ ၉ ရက်နေ့တွင် ဆရာတော် ဦးဥတ္တမ၏ အခမ်းအနား ကျင်းပနိုင်ဆောင် အပြီးဆောင်ရွက်သွားဖို့ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယခင်က ဆရာတော် ဦးဥတ္တမပန်းခြံကို ကန်တော်မန်ပန်းခြံအဖြစ်ပြောင်းလဲပေးခဲ့ပြီး ယခုတော့ ယင်းပန်းခြံကို ဆရာတော် ဦးဥတ္တမပန်းခြံအဖြစ် လွှတ်တော်က အည်ပြုဌာန်းလိုက်ပြီဖြစ်ကြောင်း၊ ယင်းအပြင် ရခိုင်ပြည်နယ်ထဲမှာလည်း မြောက်ဦး၊ စစ်တွေမြို့တို့တွင် ဆရာတော် ရုပ်ထုရှိပြီး ယခုတောင်ကုတ်မြို့မှာ ရှိလာမည်ဖြစ်ကြောင်း သိရသည်။

၎။ တောင်ကုတ်မြို့တွင် စာပေဟောပြောပွဲတစ်ခု မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်မပြု၍ လွယ်ကွင်း၌ကျင်းပရန်စီစဉ်

တေင်ကုတ်မြို့၌ ယခုလ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီက ကြီးမှူးပြီး ဆရာကျော်သူနှင့် ဆရာဖေမြင့်တို့ စာပေဟောပြောပွဲ ပြုလုပ်ရန် ယင်းပါတီက မြို့နယ်ဘောလုံးအားကစားကွင်းနှင့် မြို့ရှိခန်းမအား ငှားရမ်းသော်လည်း တောင်ကုန်မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်မပြုသောကြောင့် လယ်သမားတစ်ဦး၏ အကူအညီဖြင့် လယ်ကွင်း၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးကျော်သူမှာ ရန်ကုန်နာရေးကူညီမှုအသင်းက ဖြစ်ပြီး ဦးဖေမြင့်မှာ စာရေးဆရာဖြစ်သည်။ ယခုလို စာပေဟောပြောပွဲ ကျင်းပရခြင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ သစ်နှစ် ၁၀၀ ပြည့်နှစ်ကို ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်းသိရသည်။

“ မြို့နယ်အုပ်ချုပ်ရေးမှူးက ပါတီကလုပ်မယ်ဆိုရင် ခန်းမကို မှငှားနိုင်ပါလို့ ပြောတယ်။ မြို့နယ်ဘောလုံးအားကစားကွင်းကို သွားဌားသော်လည်း အားကစားမှူးကတော့ ခွင့်ပြုပြီးတော့ အုပ်ချုပ်ရေးမှူးက ခွင့်မပြုဘူး။ ” ဟု ပြောသည်။

တောင်ကုတ်မြို့တွင် ဗုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်ပြီး မွေးနေ့များကို ကျင်းပလေ့မရှိသော်လည်း ယခုနှစ်တွင် နှစ်တစ်ရာပြည့်ဖြစ်သောကြောင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ပထမဆုံးအကြိမ်လည်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက တညဟောပြောမှာဖြစ်မဖြစ်ဖြစ်သောနည်းနှင့် ကျင်းပသွားမည်ဖြစ်ပြီး ဦးကျော်သူနှင့် ဦးဖေမြင့် တို့ ဟောပြောမှာဖြစ် သည့်အတွက် ယခုစာပေဟောပြောပွဲ ကောင်းလိမ့်မည်ဟု ဒေသခံများကသုံးသပ်နေကြသည်။

From-DNews Journal



SHARE THIS
Previous Post
Next Post