နေပူတောင်စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံတို့ ခံစားနေရမှုများကို နိုင်ငံတော်သို့ တင်ပြသွားမည်

တောင်ကုတ်မြို့နှင့် မိုင် ၃၀ အကွာတွင်ရှိသော နေပူတောင် မာဘယ်ကျောက်ထုတ်လုပ်စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံတို့၏ ရပိုင်ခွင့်များနှင့် ဒေသခံတို့၏ ခံစားနေရသော အခက်အခဲများကို နိုင်ငံတော် အစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ယက် ဥက္ကဌ ကိုတင်ထူးအာင်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ ရခိုင်အမျိုးသားကွန်ယက် (ANN) ရုံးခန်းတွင် ANN ၊ ရခိုင်ပြည် သဘာဝသယံဇာတ၊ ၈၈ ရခိုင်ဖွံ့ဖြိုးရေးအဖွဲ့နှင့် တောင်ကုတ် လူထု အကျိုးဆောင်အဖွဲ့မှ တာဝန်ရှိသူတို့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ အဓိက နေပူတောင် စီမံကိန်းနဲ့ ပါတ်သက်ပြီး လက်ရှိဒေသခံတွေ ခံစားနေရတာတွေ၊ ပြီးတော့ အဲဒီအကျိုးဆက်တွေ၊ ဖြစ်ပျက်နေတာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတွေပါ။ ဘယ်လိုဖြေရှင်းမလဲဆိုတော့ သက်ဆိုင်ရာ ကော်မတီတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ နိုင်ငံတော် အစိုးရဆီကို စာပေးပို့ပါမယ်။ ” ဟု ကိုတင်ထူးအောင်က ပြောသည်။

များမကြာမီ တပြည်နယ်လုံးအတိုင်းအတာဖြင့် သံတွဲမှာပြုလုပ်မည့် ရခိုင်ပြည် သဘာဝသယံဇာတနှင့်ပတ်သက်ပြီး မလုပ်ရုံဆွေးနွေးမှ ရရှိလာသော အစီစဉ်များ၊ ဆုံဖြတ်ချက်များဖြင့် နေပူဆောင်စီမံကိန်းကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုတင်ထူးအောင်က “ ဒေသခံတွေ ခံစားနေရတာကတော့ လူမှုရေးအကျိုးဆက်တွေ၊ သဘာပတ်ဝန်းကျင် အကျိုးဆက်တွေ၊ ဒီဟာတွေအပေါ်မှာ အခုလုပ်နေတဲ့ ကုမ္ပဏီက ဘယ်လောက်ထိ အကျိုးကျေးဇူးတွေ ပြန်ပြုလဲဆိုတာတွေ၊ ဒီဒေသက အကျိုးကျေးဇူးတွေကိုယူပြီးတော့ ပြန်လို့ကျတော့ မပြုဘူး။ ဒီဟာသည်ပင်လျှင် ဒီဒေသက ဒေသခံတွေ ခံစားနေတာရဖြစ်တယ်။ ” ဟု ပြောသည်။

မကြာသေးခင်ကလည်း အဆိုပါ မာဘယ်ကျောက်ထုတ်လုပ်နေသည့် စီမံကိန်းနှင့်ပတ်သက်ပြီး ရခိုင်ပြည် မြို့နယ်အချို့က ကိုယ်စားလှယ်များသွားရောက် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

From-Development Journal



SHARE THIS
Previous Post
Next Post