White Card ဖြင့်​ မဲ​ပေးနိုင်​သည်​ဟူ​သော ဆုံးဖြတ်​ချက်​ကို လက်​မခံနိုင်​​ကြောင်း မင်းပြားတွင်​လည်း ဆန္ဒထုတ်​​ဖော်​သွားမည်

(၁၂-၂-၂၀၁၅ ၊ ​လေးမြို့  ​ဒေသတွင်းသတင်းတို)

မကြာ​သေးမီက လွှတ်​​တော်​မှ အတည်​ပြုခဲ့​သော White Card ကိုင်​​ဆောင်​သူများ မဲ​ပေးနိုင်​သည်​ဟူ​သော ဆုံးဖြတ်​ချက်​ကို လက်​မခံနိုင်​​ကြောင်း တစ်​မြို့ နယ်​လုံး အတိုင်းအတာဖြင့်​ ဆန္ဒ ထုတ်​​ဖော်​သွားမည်​ဖြစ်​​ကြောင်း သိရသည်။

အဆိုပါ ဆန္ဒ ထုတ်​​ဖော်​ပွဲကို လာမည့်​ ​ဖေ​ဖေါ်ဝါရီ လ ၁၅ ရက်​​နေ့ တွင်​ ကျင်းပနိုင်​ရန်
တရားဝင်​ခွင့်​ပြုချက်​ရရှိထားပြီဖြစ်​​ကြောင်း
ခွင့်​ပြုချက်​​လျှောက်​ထားသူ မင်းပြားမှ ဦး​မောင်သိန်းစံက ​လေးမြို့ သို့ ​ပြောကြားသည်​။

အဆိုပါ ​ဖေ​ဖော်​ဝါရီလ ၁၅ ရက်​​နေ့ ၊ ​နေ့ လည်
၁၂ နာရီတွင်​ မင်းပြားမြို့  ၊ ဓမ္မာရုံ၌ စုရပ်​အဖြစ်​ စတင်​စု​ဝေးမည်​ဖြစ်​ပြီး ဓမ္မာရုံမှ ရုံးတက်​လမ်း ၊ ​မြောင်း​ဘွေလမ်း ၊ ဥတ္တမလမ်း ၊ ​ကံ့​ကော်​မြိုင်​လမ်း ၊ ရုံးတက်​လမ်း ၊ ဦး​ကျော်​ဦးလမ်း ၊ေ​အာင်သစ္စာလမ်း ၊ ​​မြောင်း​ဘွေလမ်း ၊ ကမ်းနားလမ်း အထိ လမ်း​လျှောက်ဆန္ဒထုတ်ေ​​​​​​ဖ်ာမည်ဖြစ်ပြီး ဓမ္မာရုံ၌ ပြန်​ဆုံကာ ပြန်လည်လူစုခွဲမည် ဖြစ်​ကြောင်း အဆိုပါဆန္ဒထုတ်​​ဖော်​ပွဲအား ဦး​ဆောင်​သူ မင်းပြား ၊ ​ဈေး​ဟောင်းပိုင်းရပ်​ကွက်​မှ ဦးမိုးနိုင်​၏ ​ပြောကြားချက်​အရ သိရသည်​။

ကြွေးကြော်ကြမည့် ကြွေးကြော်သံများမှာ- White card ကိုင်ဆောင်သူများ မဲပေးခွင့်မရရေး (ဒို့အရေး)၊ နိုင်ငံခြားသားများ မဲပေးခွင့် မရရှိရေး (ဒို့အရေး)၊ သူခိုးကို ဓါးရိုးကမ်းသူများ (အလိုမရှိ)၊ တိုင်းပြည်ကို ရောင်းစားသူများ (ရာထူးက နုတ်ထွက်) နှင့် နိုင်ငံခြားသားများလက်ကို တိုင်းပြည်ကို ထိုးအပ်သူ (ဒို့ရန်သူ) တို့ ဖြစ်ကြပြီး သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကလည်း ယင်းကြွေးကြော်သံများကို ကြွေးကြော်ရန် ခွင့်ပြုခဲ့သည်။

အဆိုပါဆန္ဒထုတ်​ပွဲအတွက်​ ခွင့်​ပြုချက်​​လျှောက်​ထားသူမှာ မင်းပြားမှ ဦး​မောင်​သိန်းစံဖြစ်​ပြီး ဦ​ဆောင်​မည့်​မှာ ဦးမိုးနိုင်​ဖြစ်​​ကြောင်း သိရသည်​။

ပေးပို့ ​ရေးသားသူ-မင်းမြတ်​ခိုင်
တင်​ဆက်​သူ-​လေးမြို့  သတင်းမီဒီယာ



����



SHARE THIS
Previous Post
Next Post