ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မြေပုံမြို့သို့ ထွက်လာသည့် လူ/ကုန်တင်သင်္ဘော အောင်တံခွန်-၃သည် မတ်လ ၁၃ရက် ည ၁၁နာရီခန့်က နစ်မြုပ်သွားပြီး သင်္ဘောပေါ်ပါသည့် လူ ၃၀မှ ၄၀ဦးခန့် သေဆုံးသည်ဟု ကနဦး ကြားသိရသည်ဟု ရခိုင်ပြည်နယ် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဦးလှသိန်းက မဇ္ဈိမကို ပြောသည်။
"ခါတိုင်းကတော့ ကျွန်တော်တို့ သိသလောက်က အဲဒီ့သင်္ဘောတွေက လူသိပ်မစီးဘူး။ လူ လေးငါးဆယ်လောက်ပဲစီးတယ်။ အခုကတော့ ပိုတယ်။ ကျောင်းပိတ်ရက်ဆိုတော့ ပိုနိုင်တယ်။ လူကတော့ များတဲ့သဘောပါ။ အသေအပျောက်စာရင်းတောင် ၃၀၊ ၄၀ ပြောတယ်။ အတိအကျတော့ ညနေလောက်မှ ရမှာ"ဟု ဦးဦးလှသိန်းက မဇ္ဈိမကို ပြောသည်။
လူ ၅၀အထက် တင်ဆောင်လာသည့် အောင်တံခွန်း သင်္ဘောသည် ကျောက်ဖြူမြို့ နှင့် မြေပုံမြို့ အကြား မျောက်ကျိန်ကျွန်းအနီး နစ်မြုပ်ခဲ့သည်ဟု ကနဦး သတင်းများ ရရှိသော်လည်း လက်ရှိတွင် စစ်တွေရှိ အစိုးရအဖွဲ့ရုံးနှင့် သင်္ဘောနစ်မြုပ်ရာ နေရာတွင် ရောက်ရှိနေသူများ ဖုန်းလိုင်း အခက်အခဲကြောင့် အဆက်အသွယ် မရရှိသေး၍ အတိအကျကို ညနေပိုင်းတွင်မှ သိနိုင်မည်ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ ကျောက်ဖြူမှ ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ယာဉ်အမျိုးမျိုးဖြင့် လွှတ်ထားသည်ဟု ဆိုသည်။
From : Mizzima
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)