နစ်မြုတ်ရေယာဉ် အောင်တံခွန် ၃ အတွက် ရှာဖွေရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်

ယမန်နေ့ည ၈နာရီခွဲခန့်က ရာသီဥတုဆိုးရွားမှုကြောင့် နစ်မြုတ်သွားသည့် စစ်တွေ- တောင်ကုတ် ပြေးဆွဲနေသည့် ခရီးသည်တင် ရေယာဉ် အောင်တံခွန် (၃) မှ ခရီးသည် ၁၆၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ကျန်ခရီးသည်များကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး၊ ကျား ၂၊ မ ၁၉ဦး အပါအ၀င် ရုပ်အလောင်းများဆယ်ယူရရှိထားသည်ဟု အစိုးရသတင်းစာက ဖော်ပြသည်။
အဆိုပါရေယာဉ်တွင် လိုက်ပါလာသူ ၂၁၄ ဦးရှိပြီး ကုန် ၁၂၉တန် တင်ဆောင်လာပြီး မနေ့ ည ၈နာရီခွဲခန့်က မြေပုံမြို့နယ် ငပယုန်ကျွန်းနှင့် မြောက်ကျွိန်ကျွန်းအနီး ရုတ်တရက်လှိုင်းပုတ်၍ နစ်မြုတ်သွားခြင်းဖြစ်သည်ဟုသိရသည်။

Credit : ဧရာဝတီ



SHARE THIS
Previous Post
Next Post