ကလေးမြို့ ထူး စက်သုံးဆီ အရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွား

ကလေးမြို့မှ နှစ်မိုင်ဝေးသော မြို့အဝင်မုခ်ဦးအနီး ချမ်းမြေ့အောင် စည်ရပ်ကွက် သဖန်းအိုင်လမ်းခွဲ ဘေးရှိ ဦးကျော်မိုးပိုင်ဆိုင်သော ထူး စက်သုံးဆီအရောင်းဆိုင်တွင် မတ် ၂ဝ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် အလုပ်သမား ဦးထိန်လင်းက ပီပါထဲ တွင် ဆီလှယ်ရာမှ သံသံချင်းထိမိ၍ မီးပွင့်ကာ မီးလောင်မှုဖြစ်ပွား သည်။

အဆိုပါ မီးလောင်မှုတွင် ကလေး ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီတို့၏ ဦးဆောင်မှု ဖြင့် ခရိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ် ၃၂ ဦး၊ ပြည်သူ ၄၅ ဦးတို့က မီးသတ် ယာဉ်လေးစီး၊ မီးသတ်ဆေးဘူး ၁၅ ဘူး၊ Foam ဆေးရည်ဂါလန် ၂ဝ နှင့် ရေဂါလန်၂၄ဝဝ အသုံးပြုကာ မီးငြှိမ်း သတ်ကြပြီး ညနေ ၆ နာရီ ၁၅ မိနစ် တွင် မီးညွန့်ကျိုးသွားခဲ့သည်။

ယင်းမီးလောင်မှုကြောင့် ဆီဂို ဒေါင် အာရ်စီတစ်ထပ်တိုက်နှင့် အောက်တိန်းဆီ ဂါလန် ၅ဝဝ မီး လောင်ဆုံးရှုံးပြီး ဆီထည့်အလုပ်သမား ဦးထိန်လင်း (၃၆နှစ်)ကို ကလေးမြို့ နယ် မြို့မရဲစခန်းက အရေးယူဆောင် ရွက်လျက်ရှိသည်။

ဂျူနိုင်း
Myanmaalinn



SHARE THIS
Previous Post
Next Post