တိုက်​ပွဲများ​ကြောင့်​ `ဝ´ဌာချုပ်​တွင်​ကျင်းပမည့်​ တိုင်းရင်းသားညီလာခံသို့ AAအားမဖိတ်​ကြားရန်​​ အစိုးရတားမြစ်​ထား



(ဧပြီ ၂ဝ - ၂၀၁၅ ၊ ​လေးမြို့ သတင်းတို)

မြန်​မာနိုင်​ငံ​အ​နောက်​ပိုင်းတွင်​ ရက္ခိုင့်​တပ်​မ​တော်​ AA နှင့်​ အစိုးရစစ်​တပ်​တို့  တိုက်​ပွဲများဖြစ်ပွားလျက်​ရှိရာ လာမယ့် မေလ ၁ ရက်နေ့ ၊ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမြို့တွင်​ စတင် ကျင်းပမယ့် လက်နက်ကိုင် တိုင်းရင်းသား ညီလာခံကို ကိုးကန့်၊ ရခိုင်နဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော်တို့ကို မဖိတ်ကြားဖို့ အစိုးရက တားမြစ်ထားတယ်လို့ UWSA တာဝန်ရှိ သူတွေက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကတော့ အပစ်ရပ် သဘောတူညီချက်ကနေ AA ရက္ခိုင့်​တပ်​မ​တော်​ ၊ MNDAA ကိုးကန့်အဖွဲ့ကို ထုတ်ပယ်ပစ်မယ်ဆိုရင် ငြိမ်းချမ်းရေးကိစ္စ မအောင်မြင်နိုင်ကြောင်း ပြောဆိုခဲ့သလို၊ ညီညွတ်သော တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ UNFC ကလည်း ကိုးကန့်တပ်ဖွဲ့နဲ့ အပစ်ရပ်ဖို့ သမ္မတ ဦးသိန်းစိန်ထံကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

Ref: RFA



SHARE THIS
Previous Post
Next Post