ကျောက်​​တော်​ ၊ လက်​ပံ​ချောင်းအနီးတွင်​ ရခိုင်​တပ်​AA နှင့်​ အစိုးရတပ်​တို့ တိုက်​ပွဲထပ်​ဖြစ်

(၂၂-၄-၂၀၁၅ ၊​ ​လေးမြို့  တိုက်​ပွဲသတင်း)

ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်း ၊ ​ကျောက်​​တော်​မြို့  နယ်​ ၊ လက်​ပံ​ချောင်းအနီးတွင်​ ရက္ခိုင့်​တပ်​မ​တော်​ AA နှင့်​ အစိုးစစ်​တပ်​တို့  ဧပြီ ၂၁ ရက်​​နေ့  ၊ မနက်​ပိုင်းက တိုက်​ပွဲထပ်​မံဖြစ်​ပွားခဲ့၍ စစ်ရှောင် ထွက်ပြေးလာသူ ရွာသား ၄၀၀ ကျော်ဟာ အဲဒီ အနီးက စပါးစိုက်ရွာမှာ ခိုလှုံ နေကြရသည်​ဟု BBC ၏ ​ဖော်​ပြချက်​အရ သိရသည်​။

ရခိုင်​ပြည်​နယ်​အတွင်း ​စစ်​ပွဲများ​ကြောင့်​ ​ဒေသခံပြည်​သူတစ်​ချို့ အိုးအိမ်​စွန့်ခွာထွက်​​ပြေး​နေကြရပြီး အဆိုပါစစ်​​ရှောင်​ဒုက္ခသည်​ပြည်​သူများအား အကူအညီ​ပေးရန်​ သွား​ရောက်​ကြသည့်​ ​ကျောက်​​တော်​မြို့ နယ်​ ၊ လူမှူကူညီအသင်းအား အာဏာပိုင်​များက တားမြစ်​ခဲ့သဖြင့်​ ကူညီကယ်​ဆယ်​ခွင့်​မရဘဲ ​စောင့်​ဆိုင်း​နေရသည်​ဟု မြို့နယ် အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်လှမေက ပြောပြချက်​အရ သိရသည်​။

အဆိုပါ တိုက်​ပွဲအတွင်း AA မှ တပ်​သား ၅ ဦးအား အစိုးရတပ်​က အရှင်​ဖမ်းဆီးရရှိထားသည်​ဟု အစိုးရ၏ မီဒီယာများတွင်​ ​ဖော်​ပြခဲ့​သော်​လည်း အဆိုပါသတင်းနှင့်​ပတ်​သက်​၍ AA ဘက်​မှ သတင်းတစ်​စုံတစ်​ရာထုတ်​ပြန်​ခြင်း မရှိ​သေး​ပေ။

ရေးသားသူ-မင်းမြတ်​ခိုင်
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ
ဓာတ်​ပုံ - BBC



SHARE THIS
Previous Post
Next Post