အစိုးရတပ်က ဖမ်းမိထားသည့် လက်နက်ကိုင် ၅ ဦးသည် AAမှ ဟုတ်မဟုတ် စစ်ဆေးနေဆဲဟု AA ဒုစစ်ဦးစီးချုပ်ဆို



ဓာတ်​ပုံ - ရက္ခိုင့်​တပ်​မ​တော်​ AA ၏ စစ်​​ရေး​လေ့ကျင့်​​နေမှုမြင်​ကွင်းတစ်​ခု

(၂၂-၄-၂၀၁၅ ၊ ​လေးမြို့ တိုက်​ပွဲသတင်း)

အစိုးရသတင်းမီဒီယာများက ​ဖော်​ပြခဲ့​သော ``အစိုးရစစ်​တပ်​က ရက္ခိုင့်​တပ်​မ​တော်​ တပ်​သား ၅ ဦးအား ဖမ်းဆီးရရှိထားသည်​´´ဟူ​သော သတင်းနှင့်​ ပတ်​သက်​၍ ထိုဖမ်းမိထားသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၅ ဦးသည် ရက္ခိုင့်တပ်မတော်က ဟုတ်မဟုတ် ဆိုသည်ကို တပ်အတွင်း၌ စစ်ဆေးမှုများ ပြုလုပ်နေဆဲဟု ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ​ပြောကြားခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ ​ဖော်​ပြချက်​အရ သိရသည်​။

သို့ ​သော်​လည်း အဆိုကိစ္စနှင့်​ပတ်​သက်​၍ အစိုးရ သတင်းစာများတွင် ဖမ်းဆီးရမိသူ ၅ ဦးအား“ရခိုင် သောင်းကျန်းသူ” များဟု သုံးနှုန်းထားပြီး ဖမ်းဆီးရမိသူများနှင့် အတူ အမ် (၂၂) သေနတ် ၅ လက်၊ ကျည်အိမ် ၁၂ ခု၊ ကျည် ၂၄၇ တောင့်၊ လက်ပစ်ဗုံး ၉ လုံးနှင့် ချပ်ဝတ်တန်ဆာ ၅ စုံ တို့ကို ရှာဖွေ သိမ်းဆည်းရမိကြောင်း ​ဖော်​ပြထားသည်​ကို ​တွေ့ ရသည်​။

အဆိုပါတပ်​သား ၅ ဦးသည်​ ဧပြီလ ၁၇ ရက်​​နေ့  က ​ကျောက်​​တော်​မြို့ နယ်​အတွင်း  အစိုးရတပ်​နှင့်​ ထိပ်​တိုက်​​တွေ့ ဆုံတိုက်​ပွဲဖြစ်​ပွားရာမှ ယခုကဲ့သို့  ဖမ်းဆီးရရှိထားခြင်းဖြစ်​​ကြောင်း အစိုးရသတင်းစာများ၏ ​ဖော်​ပြထားသည်​။

ရေးသားသူ - မင်းမြတ်​ခိုင်
တင်​ဆက်​သူ - ​လေးမြို့ သတင်းမီဒီယာ
(Photo Credit - ဧရာဝတီ)



SHARE THIS
Previous Post
Next Post
May 14, 2015 at 11:09 AM

ကိုယ်နဲ့အတူတူ တိုက်ပွဲဝင်နေတဲ့ တပည့်သားသမီးကိုတောင်မှ ဟုတ် / မဟုတ် ပြန်စိစစ်ဦးမယ်တဲ့။ ဘာလဲ ဟေ့ကောင် မင်း ၀န်ခံရမှာ ရှက်နေလို့လား ။ ဒါနဲ့များ ရခိုင်တပ်မတော်လို့ အမည်ခံထားသေးတယ်။ တပည့်သားသမီး ၅ ယောက်လောက်ကိုတောင် တာဝန်မခံရဲ့တဲ့ကောင်က တစ်မျိုးသားလုံးအတွက်တဲ့ ။ စောက်အရည်အချင်းမရှိပဲ ဒုစစ်ဦးစီးချုပ် ဘွဲ့ခံထားသေးတယ်။

Reply
avatar