အစိုးရကတားမြစ်​​သော်​လည်း တိုင်းရင်းသားညီလာခံသို့  AA အပါအဝင်​ TNLA နှင့်​ MNDAA တို့ တက်​​ရောက်​မည်


(၂၃-၄-၂၀၁၅ ၊ ​လေးမြို့  သတင်းတို)

အစိုးရကတားမြစ်​​နေ​သော်​လည်း လာမယ့်​ မတ်​လ ၁ ရက်​​နေ့  ၊ UWSA `ဝ´ဌာနချုပ်​ရှိရာ ပန်​ဆန်းမြို့ မှာ ကျင်းပမည့်​ တိုင်းရင်းသားညီလာခံသို့  ရက္ခိုင့်​တပ်​မ​တော်​ AA ၊ တအာင်း ပလောင် လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တက်ရောက် မှာဖြစ်တယ်လို့ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေက ​ပြောကြားလိုက်​​ကြောင်း RFA သတင်းစာမျက်နှာ၏ ​ဖော်​ပြချက်​အရ သိရသည်​။

မကြာ​သေးမီက အစိုးရစစ်​တပ်​မှ အဆိုပါအဖွဲ့  ၃ ဖွဲ့ အား ညီလာခံသို့ တက်​​ရောက်​ရန်​ ဖိတ်​ကြားမှုကို တားမြစ်​​ထား​သော်​လည်း AA အ​နေဖြင့်​ တက်​ရန်​အ​ကြောင်းပြန်​ထား​ကြောင်း  ရက္ခိုင့် တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ​ပြောကြားသည်​ဟု သိရသည်​။

"အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝ ဘက်က ကျနော်တို့ ကိုတော့ အကြောင်းပြန်တာတော့မရှိဘူး၊ ကျနော်တို့ တက်မယ်လို့တော့ ပြောထားတယ်၊ အကြောင်းပြန် ထားတယ်၊ ကျနော်တို့ ၅ ယောက်လောက်တက်မယ်ဗျ"

အဆိုပါ ​ညီလာခံသို့  AA အပါအဝင်​ ကျန်​နှစ်​ဖွဲ့  အား မဖိတ်​ကြားရန်​ အစိုးရမှနှုတ်​ဖြင့်​ လှမ်းတားခဲ့​ကြောင်း  ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်၏ ​ပြောကြားချက်​အရ သိရသည်​။

အဆိုပါညီလာခံသို ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တောင် ပိုင်း တပ်မတော် RCSS/SSA၊ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA၊ NDAA မိုင်းလား အဖွဲ့တွေအပါအဝင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ကို ဖိတ်ကြားထား ​ကြောင်း ၄င်းကဆက်​​ပြောသည်​။

အဆိုပါညီလာခံတွင်​ မြန်​မာနိုင်​ငံတစ်​နိုင်​ငံလုံးအတိုင်းအတာဖြင်
့ အပစ်​အခတ်​ရပ်​စဲသ​ဘောတူမူကြမ်းကို ​ရေးဆွဲနိုင်​ရန်​ ​မျှော်​လင့်​ထားခဲ့ကြ​သော်​လည်း ယခုဖြစ်​ပွား​နေ​သော ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကိုးကန့်ဒေသအတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ထိုညီလာခံမှ ရလဒ်​​ကောင်းများ ထွက်​​ပေါ်လာနိုင်​ပါ့မလားဟု တိုင်းရင်းသားအဖွဲ့ အစည်းများက သံသယဖြစ်​​နေကြ​ကြောင်း သိရသည်​။

ရေးသားသူ - မင်းမြတ်​ခိုင်
တင်​ဆက်​သူ - ​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post