အောင်​လံ​ချောင်းရွာအား မီးရှို့ ခြင်းသည်​ အစိုးရစစ်​တပ်​တို့  ပြုမှု​လေ့ရှိသည့်​` ကြွက်​မနိုင်​ ကျီမီးရှို့  ´သည့်​ လုပ်​ရပ်​သာဖြစ်​​ကြောင်း AA ကဆို



(၂၃-၄-၂၀၁၅ ၊ ​လေးမြို့ တိုက်​ပွဲသတင်း)

လွန်​ခဲ့​သောရက်​အနည်းငယ်​ခန့်​လောက်​က ​ကျောက်​​တော်​မြို့ နယ်​ ၊ ​အောင်​လံ​ချောင်းရွာအား အစိုးစစ်​တပ်​မှ မီးရှို့  ဖျက်​ဆီးခဲ့ခြင်းသည်​  တိုင်းရင်းသား​ဒေသများ၌ အစိုးရစစ်​တပ်​တို့  ပြုမှုကျင့်​ကြံ​လေ့ရှိ​သည့်​ `ကြွက်​မနိုင်​ ကျီမီးရှို့ ´သည့်​လုပ်​ရပ်​တစ်​ခုသာဖြစ်​​ကြောင်း ရက္ခိုင့်​တပ်​မ​တော်​ AAမှ ဒုစစ်​ဦးချုပ်​က​ပြောဆိုလိုက်​သည်​ဟု VOA သတင်းစာမျက်နှာတွင်​ ​ဖော်​ပြထားသည်​ကို ​တွေ့ ရသည်​။

``အဓိကကတော့ မြန်မာ့တပ်မတော်အနေနဲ့ကတော့ သူတို့ ဖြစ်ရိုးဖြစ်စဉ် ပုံစံမျိုးပါ။ ဒီဟာက ဟို တိုင်းရင်းသားဒေသ အသီးသီးတွေမှာ ကြွက်မနိုင် ကျီမီးရှို့တဲ့ ပုံစံမျိုးကတော့ တွေ့ရတယ်ခင်ဗျ။´´

မတ်​လ​နောက်​ဆုံးရက်​များက ရခိုင်​ပြည်​နယ်​အတွင်းဖြစ်​ပွား​နေ​သော ရက္ခိုင့်​တပ်​မ​တော်​ AA နှင့်​ အစိုးရစစ်​တပ်​တို့  တိုက်​ပွဲများအတွင်း အစိုးရတပ်​ဘက်​မှ ဗိုလ်​အဆင့်​ရှိ ၁ ဦး ကျဆုံးခဲ့ပြီး တပ်​ ၂ ဦး ကို AA မှ ဖမ်းမိထား​ကြောင်း သိရသည်​။ ရက္ခိုင့်​တပ်​မ​တော်​ဘက်​မှ တပ်​သား ၅ ဦးအား အစိုးရတပ်​က ဖမ်းမိထားသည်​ဟု နှစ်​ဘက်​သတင်းထုတ်​ပြန်​ချက်​များအရ သိရသည်​။

အဆိုပါတိုက်​ပွဲများ​ကြောင့်​ ရခိုင်​ပြည်​သူ ၄၀၀ ​ကျော်​တို့  ​နေရပ်​စွန့်ခွာ​ထွက်​​ပြေး​နေရပြီး အကူအညီ​အ​ထောက်​အပံ့များလိုအပ်​လျှက်​ရှိ​ကြောင်း သိရသည်​။

ရေးသားသူ-မင်းမြတ်​ခိုင်
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post