ပွဲ​တော်​ကာလအတွင်း ကျိန်း​တောင်​​ပေါ်၌ အမျိုးသားတစ်​ဦး ​အိပ်​​ပျော်​လျှက်​သေဆုံး​နေ

(၂၃-၄-၂၀၁၅ ၊ ​လေးမြို့  မှုခင်းသတင်း)

ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ တွင်​ ကျင်းပလျှက်​ရှိ​သော ကျိန်း​တောင်​ဇီဝှါဓာတ်​​တော်​၏ ဗုဒ္ဓပူဇနိယပွဲ​တော်​(ဒုတိယ​​နေ့ -ဧပြီ ၂၃ ) ယ​နေ့ မနက်​က ​ကိုးနဝင်းအေး​စေတီဘုရားသိမ်​​တော်​အတွင်း အမျိုးသားတစ်​ဦး အိပ်​​ပျော်​လျှက်​ ​သေဆုံး​နေသည်​ကို ​တွေ့ ရှိ​ကြောင်း သိရသည်​။

အဆိုပါ​သေဆုံးမှုနှင့်​ပတ်​သက်​၍  မင်းပြားမြို့ နယ်​ လူမှူကူညီ​ရေးအသင်း၏ ဥက္ကဌဖြစ်​သူ ဦးခင်​​ဇော်​ဝင်းအား ​လေးမြို့ က ဖုန်းဖြင့်​ ဆက်​သွယ်​​မေးမြန်းရာ ​သေဆုံးသူ၏အမည်​မှာ ဦး​မောင်​သိန်း​ရွှေဟု သိရပြီး အသက်​(ခန့်မှန်း) ၅၀ ​ကျော်​ခန့် ဖြစ်​နိုင်​​ကြောင်း သိရသည်​။ ​သေဆုံးသူသည်​ မင်းပြားမြို့ နယ်​ ၊ ​ကေသလာပြွန်​ဝ​ကျေးရွာတွင်​ ​နေထိုင်​သူတစ်​ဦးဖြစ်​ပြီး ကျိန်း​တောင်​ဘုရားပွဲတွင်​ ​ဈေးလာ​ရောင်းရာမှ အတွင်း​ရောဂါအခံဖြင့်​ ယခုကဲ့သို့ ​ ​အိပ်​​ပျော်​ရင်းသေဆုံးရခြင်း ဖြစ်​နိုင်​သည်​ဟု ​သိရသည်​။သို့ ​သော်​ ​မည်​သည့်​​ရောဂါဖြင့်​ ​သေဆုံးသည်​ကို​တော့ မသိရ​သေး​ကြောင်း ​ပြောပြသည်​။

ဆက်​လက်​၍ ဦးခင်​​ဇော်​ဝင်းက ​သေဆုံးသူ၏ ရုပ်​အ​လောင်းကို မင်းပြားမြို့ နယ်​ ၊ နာ​ရေးကူညီမှုအသင်းမှ နာ​ရေးကားဖြင့်​ မင်းပြား၊​ဆေးရုံဝင်းရှိ ရင်​ခွဲရုံသို့  ပို့ ​ဆောင်​​စီစဉ်​​ပေးခဲ့ပြီးဖြစ်​​ကြောင်း ​ပြောကြားခဲ့ပြီး ​သေဆုံးသူ၏မိသားစုဝင်​များအား ကိုယ်​တိုင်​ပင်​ ဆက်​သွယ်​အ​ကြောင်းကြားထားပြီး
ဖြစ်​​ကြောင်း သိရသည်​။

ပေးပို့  ​ရေးသားသူ-သန့်ဇင်
ဓာတ်​ပုံ-ကို​ဇော်
တင်​ဆက်​သူ-​လေးမြို့  သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post