AA နှင့်​ဆက်​စပ်​​နေသည်​ဆိုပြီး မင်းပြားမြို့ နယ်​မှ ​ကျောင်းဆရာလူငယ်​တစ်​ဦးကို အစိုးရစစ်​တပ်​က ဖမ်းဆီး​ခေါ်​ဆောင်

(၂၄-၄-၂၀၁၅ ၊ ​လေးမြို့  သတင်းတို)

ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ နယ်​ ၊ ငဇင်​ရိုင်း​ချောင်း ၊ အဝရွာအုပ်​စု မြစ်​နားရွာ​နေထိုင်​​သော ​ကျောင်းဆရာလူငယ်​တစ်​ဦးအား အစိုးရစစ်​တပ်​က ရက္ခိုင့်​တပ်​မ​တော်​ AA နှင့်​ ဆက်​စပ်​​နေ​သည်​ဟူ​သော သံသယဖြင့်​ ဖမ်းဆီး​ခေါ်​ဆောင်​သွား​ကြောင်း မြစ်​နားရွာမှ ​ဒေသခံတစ်​ဦးဖြစ်​သူ ဆရာညီ၏​ပြောပြချက်​အရ သိရသည်​။

ဖမ်းဆီး​ခေါ်​ဆောင်​ခံရ​သော ​ကျောင်းဆရာ၏အမည်​မှာ ကို​ရွှေလုံးဖြစ်​ပြီး ကို​ရွှေလုံးသည်​ အဝရွာအုပ်​စု ၊ ခွဆုံရွာ၌ စာသင်​ပြ​ပေး​နေ​သော အစိုးရ​ကျောင်းဆရာတစ်​ဦးဖြစ်​​ကြောင်း သိရသည်​။

“ ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်မှုနဲ့ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာ ကျွန်တော်လည်း မပြောနိုင်ဘူး” ဟု
အဝရွာ​မှအုပ်​ချုပ်​​ရေးမှူး၏ ​ပြောကြား​ကြောင်း သိရသည်​။

ယခုကဲ့သို့  ဖမ်းဆီးစစ်​​ဆေး​နေမှုများသည်​ မင်းပြား၊​မြောက်​ဦး၊​ကျောက်​​တော်​မြို့ များတွင်​ ထွက်​​ပေါ်​နေ​သော AA တပ်​သားများ ပြည်​သူများအတွင်း ပျံနှံ့ ဝင်​​ရောက်​​နေသည်​ဟူ​သော သတင်းများ​ကြောင့်​ဖြစ်​ပြီး ဟိုတ​လောကလည်း ​မြောက်​ဦးမြို့  ဝင်​ဂိတ်​​ပေါက်​၌ AA နှင့်​ ပတ်​သက်​၍ စစ်​​ဆေးမှုပြုလုပ်​​နေ​ကြောင်း သိရသည်​။

ပေးပို့ /​ရေးသားသူ - သန့်စင်
တင်​ဆက်​သူ - ​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post