အစိုးရက စိုးရိမ်​စရာမရှိဟု​ပြော​သော်​လည်း ရက္ခိုင့်​တပ်​မ​တော်​သည်​ အင်​အားကြီးထွားလာ​နေပြီဟု AA ကတုံပြန်​ပြောဆို

(၂၄-၄-၂၀၁၅ ၊ ​လေးမြို့ တိုက်​ပွဲသတင်း)

ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက ရက္ခိုင်​တပ်​မ​တော်​ AA သည် ​သေးငယ်​​သောအဖွဲ့ ငယ်​သာဖြစ်​​ကြောင်း ​ပြောဆိုခဲ့​သော်​လည်ုးမြန်​မာနိုင်​ငံအ​နောက်​ပိုင်းရှိ ရက္ခိုင့်​တပ်​မ​တော်​သည်​ ယခင်​ထက်​အင်​အားကြီးထွားလာပြီဟု AA မှ ဒုစစ်​ဦးချုပ်​ ​ဒေါက်​တာညိုထွန်း​အောင်​၏ တုံပြန်​​ပြောဆိုချက်​ကို ရိုက်​တာသတင်းဌာန၏ ​ဖော်​ပြချက်​အရ သိရသည်​။

ဒေါက်​တာညိုထွန်း​အောင်​က
မြန်​မာနိုင်​ငံ​အ​နောက်​ပိုင်း ၊ နယ်​စပ်​​ဒေသရှိ ရက္ခိုင့်​တပ်​မ​တော်​ AA သည်​ အရင်က အင်အားသုံးရာဝန်းကျင်သာရှိခဲ့ရာက မနှစ်ကစပြီး အင်အား နှစ်ထောင်ကျော်ဖြစ်လာခဲ့ကြောင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဆီက စစ်ရေးသင်တန်းတွေ ရရှိခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်​။

ထို့ ပြင်​ AA တပ်များသည်​ လွန်​ခဲ့​သော ​ဖေ​ဖော်​ဝါရီ လတွင်းက စတင်​ဖြစ်​ပွားခဲ့သည်​ အစိုးရစစ်​တပ်​နှင့်​ ကိုးကန့်တပ်​ (MNDAA)တို့  တိုက်​ပွဲများတွင်​လည်း ကိုးကန့်တပ်​နှင့်​ ပူး​ပေါင်း၍ တိုက်​ပွဲဝင်​ခဲ့​ကြောင်း သိရသည်​။

ပြီးခဲ့တဲ့လက အစိုးရငြိမ်းချမ်းဖေါ်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးအပစ်ရပ်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ကြား အပစ်ရပ်ရေးသဘောတူညီချက် မူကြမ်းလက်မှတ်ရေးထိုးအပြီးမှာတော့ ရက္ခိုင့်တပ်မတော်ဟာ မြောက်ပိုင်းဒေသကနေ ရခိုင်ပြည်နယ်ကို ပြန်ပြီး ဦးလှည့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရိုက်​တာသတင်း၏ ဖေါ်ပြချက်​ကို သိရသည်​။

ရေးသားသူ - မင်းမြတ်​ခိုင်
တင်​ဆက်​သူ- ​လေးမြို့ သတင်းမီဒီယာ
-ဓာတ်​ပုံ - AA တပ်​ဖွဲ့ ဝင်​တစ်​ချို့  ..



SHARE THIS
Previous Post
Next Post
April 24, 2015 at 6:47 PM

ရခိုင်​တပ်မ​တော်​​နောက်​တွင်
ရခိုင်​တမျိုးသားလုံး ရှိတယ်

Reply
avatar
May 14, 2015 at 11:00 AM

ကုလားနဲ့ ရခိုင် ဖြစ်ရင်ကော ရခိုင့်တပ်မတော်ဆိုတဲ့ ထွန်းမြတ်နိုင် တို့က ရခိုင်တမျိုးသားလုံးရဲ့ ရှေ့မှာ ရှိနိုင်ပါ့မလား ။ စဉ်းစားစရာပဲ ။

Reply
avatar