စစ်တပ်မှ ဖမ်းဆီးထားသည့် AA တပ်ဖွဲ့ဝင်များကို တပ်မတော်ကသာ ဆုံးဖြတ်မည်ဖြစ်ပြီး ဥပဒေမဲ့ မဖြစ်စေရဟု ရခိုင်ဝန်ကြီးချုပ်ဆို

ရက္ခိုင့်တပ်မတော် AA နှင့် ပတ်သက်သည် ဟု ယူဆကာ ဖမ်းဆီးထားသူများကို စစ်တပ်ကသာ ဆုံးဖြတ်နိုင်မည် ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းက ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းမှ လူ ၁၂ ဦးနှင့် သေနတ် ၁၉လက်ကို ထိမ်းသိမ်းထားပြီး ထိုလူများ နှင့် စပ်လျဉ်း၍ “ဒါက တပ်မတော်ကဆောင် ရွက်နေတဲ့ ကိစ္စဖြစ်တဲ့ အတွက် ကိုယ့်အနေနဲ့ ပြောလို့အရဘူး။ တပ်မတော်ကသာ ဆက်လက် လုပ်ဆောင်မှာဖြစ်တယ်။တစ်ခုပြောနိုင်တာကတော့ ဥပဒေမဲ့တော့ မဖြစ်ရဘူး၊ စစ်ဆေးလို့ ပေါ်ပေါက်ချက်အရသာ ဆောင်ရွက်ရမှာပေါ့”ဟု ဦးမောင်မောင်အုန်းကပြောသည်။

ထို့ပြင် ရက္ခိုင့်တပ်မတော် AA နှင့် တပ်မတော်တို့ ကြားတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ လျော့ချနိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ နှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

Credit - Mizzima



SHARE THIS
Previous Post
Next Post