ရခိုင်​ဒုက္ခသည်​အများစုမှာ စစ်​ဒဏ်​ထက်​ စစ်​တပ်​မှ လိုက်​လံဖမ်းဆီး​နေမှု​ကြောင့်​ ထွက်​​ပြေးလာရခြင်းဟု ဆို

(၃၀-၄-၂၀၁၅ ၊ ​လေးမြို့  သတင်းတို)

တိုက်​ပွဲများ​ကြောင့်​ ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်းတွင်​ ဒုက္ခသည်​ဦး​ရေ ၅၀၀ ​ကျော်​ထိရှိလာပြီဖြစ်​ရာ အများစုမှာ စစ်​ပွဲဒဏ်​များထက်​ အစိုးရစစ်​တပ်​မှ  ​လိုက်​လံဖမ်းဆီး​နေမှုများ​ကြောင့်​ ထွက်​​ပြေးတိမ်း​ရှောင်​လာရခြင်းဖြစ်​​သည်​ဟု ​ကျောက်​​တော်​မြို့ နယ်​ ၊ ​ဒေသဖွံ့ ဖြိုး​ရေးအဖွဲ့  မှ ဦး​စောထွန်းက ​ပြောကြားခဲ့​ကြောင်း သိရသည်​။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စပါးဆိတ်ကျေးရွာတွင် ဒုက္ခသည်လေးရာကျော် ခိုလှုံခဲ့ပြီး ဒုက္ခသည် တစ်ဝက်ကျော်မှာ မူလနေရာများသို့
ပြန်လည် ထွက်ခွာသွားကြပြီ ဟု ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းကပြောကြားခဲ့​ကြောင်း သိရသည်​။

ယခုအခါ ရခိုင်ဒုက္ခသည် စခန်းများသို့ အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်ကြရန်လည်း ကြက်ခြေနီ အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက သွားရောက်လျှက်​ရှိ​ကြောင်း သိရသည်​။

ရေးသားသူ-သန့်စင်
Photo Credit - Narinjara
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post