ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် အပါအဝင် အဖွဲ့ဝင် ၄ ဦးဟာ တရုတ်နိုင်ငံ ဘေကျင်း မြို့မှာ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲအပြီးမှာ ပြောင်းလဲလာ မယ့် ပြည်နယ်တွေရဲ့ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ရခိုင် အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။
"သူတို့ပါတီရဲ့ နှစ်ပေါင်းများစွာတည်ဆောက်မှုတွေကို လေ့လာချင်တာပေါ့၊ ကျနော်တို့က အတွေးအခေါ်တူချင်မှတူမယ်လေ ဒါပေမဲ့ ပါတီတည်ဆောင်ပုံ စနစ်တကျလေးကို လေ့လာချင်တယ်၊ ၂ဝ၁၆ မှာဖြစ်လာမဲ့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခင်အကျင်းများကို အဲ့ဒါမလွှဲမရှောင်သာပေါ့ဗျာ သက်ဆိုင်ရာပြည်နယ်တွေမှာ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ပြည်နယ်တွေရဲ့ သယံဇာတခွဲဝေခွင့်တွေ၊ တိုက်ရိုက်ရင်းနှီးမြှတ်နှံမှုတွေက ရလာတော့မှာလို့ သုံးသပ်တာကို ကျနော်တို့ရဲ့ မိတ်ဖက်ဖွဲ့ဖြိုးတိုးတက်မှုကို အာရုံစူးစိုက်နိုင်မဲ့ မိတ်ကောင်းတွေကိုရှိဖွေတာပါ"
ANP အဖွဲ့ဝင် ၄ ဦးဟာ ဧပြီလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ ၃ရက်ကြာ ခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။
ဖံွ့ဖြိုးရေးစီမံကိန်းတွေမှာ ပြည်သူတွေပါ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကိုလည်း ထည့်သွင်းဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။
ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ရခိုင်အမျိုးသားပါတီ လူငယ်ကိုယ်စားလှယ်တွေကို တရုတ်ပြည်ကို စေလွှတ်သွား မှာဖြစ်သလို တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေကလည်း ရခိုင်ပြည်နယ်ကို လာရောက်ဖို့ရှိတယ်လို့ သိရပါတယ်။
From- RFA
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)