လေးမြို့ ပရိသတ်​များအတွက်​ နှစ်​သစ်​ဆုမွန်​​ကောင်း



(​ဧပြီ ၁၉ ၊ ၂၀၁၅ - အယ်​ဒီတာအာ​ဘော်​)

လေးမြို့ သတင်းမီဒီယာကို ၂၀၀၉ ခုနှစ်​တွင်​ မာရုသူရ(ကျွနု​ပ်​)က စတင်​တည်​​ထောင်​ခဲ့ခြင်းဖြစ်​ပြီး ယခင်​အမည်​မှာ မင်းပြား-သတင်းရပ်​ဝန်းဖြစ်​သည်​။ သို့  ​သော်​ ထိုအချိန်​အခါက ကျွန်​​တော့်​၌ အခက်​အခဲများစွာ ရှိ​နေခဲ့သဖြင့်​ သတင်းမီဒီယာတစ်​ခုအဖြစ်​ လည်​ပတ်​နိုင်​စွမ်းမရှိခဲ့ပါ။

၂၀၁၂ ခုနှစ်​ ​အောက်​တိုဘာ​တွင်​ဖြစ်​ပွားခဲ့​သော ရခိုင်​ပြည်​နယ်​ပဋိပက္ခများ​နောက်​ပိုင်းတွင်​ ကျွန်ုပ်​သည်​ မိုးစက်​ ဆို​သော အစ်​ကိုတစ်​ဦးနှင့်​ ပူး​ပေါင်း၍ မင်းပြား-သတင်းရပ်​ဝန်းမှ ​လေးမြို့  ဟု ​ပြောင်းလဲခဲ့ပြီး ရခိုင်​ပြည်​နယ်​နှင့်​ မြန်​မာနိုင်​ငံအ​နောက်​ပိုင်းမှ သတင်းများကို ​ရေးသားတင်​ဆက်​​နေသည်​မှာ ယ​နေ့  ဆိုလျှင်
၃ နှစ်​​ကျော်​ရှိလာခဲ့ပြီး ဖြစ်​သည်​။

ကျွန်​​တော်​တို့ သည်​ ယ​နေ့ အချိန်​ထိ ​လေးမြို့သတင်းမီဒီယာမှ အဖိုးအဖ​ငွေ အနည်းငယ်​မျှ မရရှိ​​သော်​လည်း အကျိုးအမြတ်​ကို ပဓာနမထားဘဲ ဝါသနာနှင့်​ မီဒီယာကျင့်​ဝတ်​ကို အရင်းခံ၍ တတ်​အားသ​ရွေ့  ​ဆောင်​ရွက်​ခဲ့ပါသည်​။

ထို့ ​ကြောင့်​ ကျွန်ုပ်​တို့ လေးမြို့ သတင်းမီဒီယာ အား ဖတ်​ရှုအား​ပေးခဲ့ကြ​သော ပရိသတ်​များအား ​ကျေးဇူးအထူးတင်​ရှိပါ​ကြောင်းပြောကြားလိုပြီး
မင်္ဂလာရှိ​သော နှစ်​သစ်​မှာ ကျန်းမာ၊ချမ်းသာ၊​ပျော်​ရွှင်​၊ ချမ်း​မြေ့ နိုင်​ကြပါ​စေ လို့  ဆုမွန်​​ကောင်း​တောင်းအပ်​ပါသည်​။

မာရုသူရ
(၁၉-၄-၂၀၁၅)



SHARE THIS
Previous Post
Next Post