ကျောက်​​တော်​​တောင်​ပွဲ စပြီ....

(၂၇-၄-၂၀၁၅ ၊ ​လေးမြို့  သတင်းတို)

ရခိုင်​ပြည်​နယ်​အတွင်းရှိ အထင်​ကရပွဲ​တော်​တစ်​ခုဖြစ်​​သော ​ကျောက်​​တော်​​​တောင်​ဘုရားပွဲကြီးသည်​ ယ​နေ့  ဧပြီလ ၂၇ ရက်​​နေ့ တွင်​ စတင်​ကျင်းပ​နေပြီဖြစ်​​ကြောင်း သိရသည်​။

ပွဲ​တော်​ရက်​မှာ ဧပြီလ ၂၇ ရက်မှစတင်ကာ ၃ဝ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမည်​ဖြစ်​​ကြောင်းသိရသည်​။ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်း ၊ ​ကျောက်​​တော်​မြို့  နယ်​ တွင်​ လွန်​ခဲ့​သောရက်​ပိုင်းက အစိုးရစစ်​တပ်​နှင့်​ ရက္ခိုင့်​တပ်​မ​တော်​ AA တို့ အကြား တိုက်​ပွဲဖြစ်​ပွား​နေခဲ့​သော်​လည်း ဘုရားပွဲကို ယခင်​နှစ်​များနည်းအတူပင်​ စည်​ကားသိုက်​မြိုက်​စွာ ကျင်းပပြုလုပ်​သွားမည်​ ဖြစ်​​ကြောင်း ပွဲ​တော်​ဖြစ်​​မြောက်​​ရေး တာဝန်​ရှိသူတစ်​ဦး၏ ​ပြောကြားချက်​အရ သိရသည်​။

ပွဲ​တော်​ကို ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲ၊ လောင်းပြိုင်ပွဲ၊ ဇာတ်သဘင်ပွဲနှင့်ရခိုင်ရိုးရာရက္ကန်းရက်ပြိုင်ပွဲအပါအဝင် အခြား ပျော်ရွှင်ဖွယ်ကောင်းသည့် ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပြီး ပွဲ​တော်​ကာလအတွင်း ​​​ကျောက်​​တော်​မြို့  ​ရှေ့ဘက်​ရှိ ကစ္ဆပနဒီမြစ်ထဲ၌ ​လောင်း​လှေများဖြင့်​ ​ရေပက်​၊​ရေကစားရသည့်​ ​ပျော်​ရွင်​စရာ​ကောင်းသည့်​ ရိုးရာဓ​လေ့ကိုလည်း ယခင်​နှစ်​များကဲ့သို့ စည်​ကားသိုက်​မြိုက်​စွာကျင်းပသွားမည်​ဟု သိရသည်​။

ရေးသားသူ - ​လေးမြို့ စား
ဓာတ်​ပုံ - Narinjara
တင်​ဆက်​သူ - ​လေးမြို့  သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post