အာဏာပိုင်​​တွေက နေရပ်​ပြန်နိုင်​ပြီလို့  ​ပြော​ပေမယ့်​ ​ရခိုင်​ဒုက္ခသည်​တို့ ​နေရပ်​ပြန်​ရန်​ ငြင်းဆန်​​နေကြ



(၂၇-၄-၂၀၁၅ ၊ ​လေးမြို့ သတင်းတို)

ရခိုင်​ပြည်​နယ်​အတွင်း ၊ တိုက်​ပွဲများတဖြည်းဖြည်း​လျော့အီခဲ့ပြီး​နောက်​ပိုင်း အစိုးရအာဏာပိုင်​များက ​ကျောက်​​တော်​မြို့ နယ်​ရှိ ရခိုင်​စစ်​​ဘေး​ရှောင်​ဒုက္ခသည်​ပြည်​သူတို့ အား မိမိတို့ ​နေရပ်​သို့ ပြန်​နိုင်​ပြီလို့  ​ပြော​ပေမယ့်​ ဒေသခံတွေ အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေသေးတာကြောင့် နေရပ်ရင်း ကို ပြန်ဖို့ ငြင်းဆန်ကြတယ်လို့ သိရသည်​။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ ဖြစ်ပွား ခဲ့​​သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀ ကျော် ရှိခဲ့ရာကနေ အခု  ဒုက္ခသည်တွေ ထပ်မံရောက်ရှိ လာတာကြောင့် အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ကျောက်တော်မြို့က စစ်ဘေး ဒဏ်သင့် ထောက်ပံ့ရေးကော်မတီဝင် တစ်ဦးဖြစ်သူ ကိုဇော်ဝင်း က ​ပြောကြားခဲ့​ကြောင်း RFA မှာ​ဖော်​ပြထားသည်​။

"ဒီနေ့မနက်အစောကြီးမှ အာဏာပိုင်တွေက ကျနော်တို့ကိုလှမ်းအကြောင်းကြားတယ်၊ လူဦးရေ ပထမ ၄၀၇ ဦးရှိတယ်၊ အခု ၅၇၄ ဦးရှိသွား ပြီ၊ ရောက်လာတဲ့ရွာက ဘင်ချောင်း ကျေးရွာက လူတွေလို့ သိရတယ် ခင်ဗျ၊ ကျနော်တို့မနေ့ကပေးတဲ့ဟာက အာလူး နည်းနည်းပါးပါး လောက်တော့ ကျန်လောက်တယ်၊ လောက်လောက်ငှငှတော့ မစားလောက်နိုင်ပါဘူး"ဟု ကို​ဇော်​ဝင်းက ​ပြောကြားခဲ့​ကြောင်း သိရသည်​။

ယခုအခါ ​ကျောက်​​တော်​မြို့ နယ်​ရှိ ရခိုင်​စစ်​​ရှောင်​ဒုက္ခသည်​များအတွက်​ ကူညီ​ထောက်​ပံ့ရန်​ ပြည်​နယ်​အစိုးရမှ ခွင့်​ပြုလိုက်​ပြီဖြစ်​​သဖြင့်​  အရပ်​ဖက်​အဖွဲ့အစည်းများ၊ လူမှု​ကူညီ​ရေးအသင်းများမှ တစ်​နိုင်​တစ်​ပိုင်​ သွား​ရောက်​ကူညီ​ထောက်​ပံ့ခဲ့​ကြောင်း သိရသည်​။

ရေးသားသူ-မင်းမြတ်​ခိုင်
ဓာတ်​ပုံ - RFA
တင်​ဆက်​သူ - ​လေးမြို့  သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post