မင်းပြားနှင့်​ ​မြောက်​ဦးတွင်​ ​မိုးသည်းထန်​စွာရွာသန်း​​ခဲ့ပြီး မိုးကြိုးပစ်​ခတ်​မှုများရှိခဲ့



(၃-၄-၂၀၁၅ ၊ ​လေးမြို့  ည​နေခင်းသတင်းတို)

ရခိုင်​ပြည်​နယ်​ ၊ စစ်​​တွေခရိုင်​ရှိ မင်းပြားနှင့်​ ​မြောက်​ဦးတွင်​ ​အချိန်​အခါမဟုတ်​ ​နွေဦးမိုးများ သည်းထန်စွာ​​ရွာသန်းခဲ့ပြီး လျှပ်​စီးလက်​ခြင်း ၊ မိုးကြိုးပစ်​ခတ်​ခြင်းများရှိခဲ့​ကြောင်း သိရသည်​။

အဆိုပါမိုး​ကြောင့်​ မင်းပြားမြို့  ရှိ ကမ်းနားလမ်းတွင်​ မိုး​ရေတင်​ကျန်​မှုများ ရှိခဲ့ပြီး မင်းပြားမြို့  နယ်​ ၊ ပြား​ချောင်းအနီး ရန်​ကုန်​-စစ်​​တွေ ကားလမ်းမ​ဘေးရှိ သစ်​ပင်​တစ်​ပင်​အား
မိုးကြိုးထိမှန်​ခဲ့၍သစ်ပင်​​ထက်​ဝက်​ကျိုးကျသွားခဲ့​ကြောင်း ကိုယ်​​တွေ့ မျက်​မြင်​ခဲ့သူတစ်​ဦး၏ ​ပြောကြားအရ သိရသည်​။

ပေးပို့ သူ - ​သန့်ဇင်
ဓာတ်​ပုံ - Zaw Lay (မိုးရွာသန်းမှု​ကြောင့်​ မင်းပြား ၊ ကမ်းနားလမ်းတွင်​ မိုး​ရေတင်​ကျန်​​နေပုံ)
တင်​ဆက်​သူ - ​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post