ဓညဝတီမှ မာရမာရပ်ကွက်ရာအိမ်မှူး လူသတ်ထွက်ပြေး

ပြီးခဲ့သည့် မတ် ၃၁ ရက်နေ့ည ၉ နာရီခန့်က ဓည၀တီရပ်ကွက်နေ ဦးသိန်းဝေ ရခိုင်လူမျိုးမှာ ဓားဖြင့်ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူမှာ ၂၀၁၄ မတ် ၂၆ စစ်တွေဆူပူမှုတွင် မှားယွင်းစွာ ဖမ်းဆီးခံခဲ့ရပြီး သေဆုံးခဲ့သူ ဦးမောင်သိန်း၏ ညီဖြစ်ကြောင်း သိရသည်။

အခင်းနှင့် ပတ်သက်ပြီး " မာရမာလူမျိုး ရပ်ကွက် ရာအိမ်မှုး စိုးစိုးက သတ်ခဲ့တာပါ။ သူကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ မြောက်ဦးကလို့ သိရပါတယ်။ ဓည၀တီမှာ အိမ်ငှါးနေတာပါ။ အငြိုးနဲ့သတ်တာလို့ ယူဆရမယ်။ ဘာကြောင့်ဆိုတော့ အခုတ်ခံထားရတာက အသားငါးတွေကို ခုတ်သလိုမျိုး အပိုင်းပိုင်းနဲ့ တွေ့ရပါတယ်။ အရမ်းကိုရက်စက်ပါတယ်။ ဘယ်သူ့ပယောဂလဲဆိုတာ မစွပ်စွဲလိုပါဘူး။ တိုက်ဆိုင်တာက ပီးခဲ့တဲ့နှစ် မတ် ၃၁ မှာ ကျနော့ အဖေ အဖမ်းခံရတယ်။ သေတယ်။ ဒီနှစ် သူ့ညီ ကျနော့် ဦးလေး။" ဟု တူတော်စပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနိုင်စိုးက ပြောသည်။

သေဆုံးသူ ဦးသိန်းဝေကို ယနေ့ နေ့လည် ၁ နာရီခွဲခန့်တွင် သဂြိုလ်ခဲ့သည်။

From-Development Journal



SHARE THIS
Previous Post
Next Post