ပွဲဦးထွက်​တိုက်​ပွဲတွင်​ အထိနာခဲ့သည့်​ အစိုးရစစ်​တပ်​အ​နေဖြင့်​ AA ကို အင်​အားအလုံးအရင်းဖြင့်​ ပြန်​လည်​ထိုးစစ်​ဆင်​လာနိုင်​ဖွယ်​ရှိ

(၂-၄-၂၀၁၅ ၊ ​လေးမြို့  ​ဒေသတွင်းသတင်း)

လွန့်ခဲ့ ​သော မတ်​လ ၂၉ ရက်​​နေ့  ၊ မနက်​အ​စောပိုင်းက ရခိုင်​-ဘင်္ဂလား​ဒေ့ရှ်​ နယ်​စပ်​အနီးတွင်​ ဖြစ်​ပွားခဲ့​သော အစိုးရစစ်​တပ်​နှင့်​ ရက္ခိုင့်​တပ်​မ​တော်​ AA တို့ ၏ပွဲဦးထွက်​တိုက်​ပွဲအတွင်း အစိုးရစစ်​တပ်​ဘက်​မှ အထိနာခဲ့သဖြင့်​ ရက္ခိုင့်​တပ်​မ​တော်​ AA အား  အစိုးရစစ်​တပ်​ဖက်​မှ အင်​အားအလုံးအရင်းဖြင့်
ပြန်​လည်​ထိုးစစ်​ဆင်​များ ဆင်​လာနိုင်​ဖွယ်​ရှိ​ကြောင်း ရက္ခိုင်​တပ်​​မ​တော်​ AA ပြန်​ကြား​ရေးဌာနမှ ထုတ်​ပြန်​ချက်​အရ သိရသည်​။

အဆိုပါပွဲဦးထွက်​တွင်​ နှစ်​ဖက်​အပြန်​အလှန်​ပစ်​ခတ်​မှုများ ဖြစ်​ပွားခဲ့ပြီး အစိုးရစစ်​တပ်​မှ ဗိုလ်​(၁)ဦး ကျဆုံးခဲ့ပြီး လက်​နက်​ခဲယမ်းအချို့ နှင့်​ တပ်​ (၂)ဦးတို့  ကို ဖမ်းဆီးထိန်းသိမ်းနိုင်​ခဲ့​ကြောင်း ရက္ခိုင်​တပ်​မ​တော်​-သတင်းနှင့်​ပြန်​ကြား​ရေး၏ ထုတ်​ပြန်​​ကြေညာချက်​အရ သိရသည်​။

အဆိုပါ ပွဲဦးထွက်​တိုက်​ပွဲရလဒ်​​ကြောင့်​ မတ်​လ ၃၀ ၊ ၃၁ ​နေ့  များတွင်​  အစိုးရစစ်​တပ်​ဖက်​မှ စစ်​ကူတပ်​များ အလုံးအရင်းဖြင့်​ တက်​လာ​သည်ဟု ​သတင်းရရှိထား​ကြောင်း သတင်းထုတ်​ပြန်​ခဲ့ပြီး AA အ​နေဖြင့်​ မည်သည့်ထိုးစစ်ဆင်မှု၊ တိုက်ခိုက်လာမှုကိုမဆို ရဲရဲဝံ့ဝံ့ခုခံတိုက်ပွဲဝင်သွားမည်ဖြစ်​ကြောင်း
အဆိုပါ AA ၏ သတင်းထုတ်​ပြန်​ချက်​တွင်​ ထည့်​သွင်း​ဖော်​ပြထားသည်​။


ပေးပို့  ​၊ ​ရေးသားသူ-မင်းမြတ်​ခိုင်
တင်​ဆက်​သူ- ​လေးမြို့  သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post