နီ​ပေါတွင်​ ​ငလျင်​​ကြောင့်​ ​သေဆုံးသူ ၄၃၀၀ ​ကျော်​ပြီ

(၂၈-၄-၂၀၁၅ ၊ ​လေးမြို့  နိုင်​ငံတကာ)

လွန်​ခဲ့​သော ဧပြီ ၂၅ ရက်​ ၊ စ​နေ့ နေက နီ​​ပေါနိုင်​ငံတွင်​ အင်​အားပြင်းထန်​စွာလှုပ်​ခဲ့​သော ငလျင်​​ကြောင့်​ ယခုအခါ ​သေဆုံးသူဦး​ရေ ၄၃၀၀ ​ကျော်​ပြီဟု သိရသည်​။

ယမန်​​နေ့ များက ​သေဆုံးသူဦး​ရေ ၂၀၀၀ ​ကျော်​ဟုသာ မီဒီယာများ​ဖော်​ပြခဲ့ကြ​သော်​လည်း ယခုအခါနီ​ပေါတစ်​နိုင်​ငံတည်းပင်​ ၄၃၀၀ ​ကျော်​ရှိလာပြီဟု AFP သတင်းတွင်​ ​ဖော်​ပြထားသည်​။ ထို့ အပြင်​ အီဝရွတ်​​တောင်​ထိပ်​​ပေါ်သို့  တက်​​ရောက်​​နေသည့်​ ​တောင်​တက်​အဖွဲ့တွင်လည်း​ ​သေဆုံးသူ ၁၀ ဦးထက်​မနည်းရှိခဲ့​ကြောင်း သိရပြီး နီ​ပေါကပ်​လျက်​ရှိ​သော အိမ်​နားချင်းနိုင်​ငံများတွင်​လည်း အဆိုပါငလျင်​​ကြောင့်​ လူ ၁၀၀ ထက်​မနည်း ​သေဆုံးခဲ့ရ​ကြောင်း သိရသည်​။

အဆိုပါငလျင်​၏ပြင်းအားမှာ ၇ ဒသမ ၈ ရစ်ခ်ျတာစကေးရှိခဲ့သည်​ဟု သိရပြီး အဆိုပါငလျင်​​ကြောင့်​ ဒဏ်​ရသူ ၇၉၅၃ ဦးထိရှိခဲ့​ကြောင်း သိရသည်​။

ယခုအခါ ငလျင်​​ကြောင့်​ ပိတ်​မိဒဏ်​​ရာရ​နေသူများကို နိုင်​ငံတကာကယ်​ဆယ်​​ရေးအဖွဲ့ များက စု​ပေါင်းကယ်​ဆယ်​ကူညီ​ပေးလျက်​ရှိ​ကြောင်းသိရသည်​။

ရေးသားသူ-​လေးမြို့ စား
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post