မြောက်ဦးနှင့် ကျောက်တော်မြို့တို့တွင် ဆန်တစ်အိတ်လျှင် ကျပ်သုံးထောင်ခန့် ဈေးတက်

ဆန်စပါးများ အများ ဆုံးထွက်ရှိရာ ဒေသများဖြစ်သည့် မြောက်ဦးမြို့နှင့် ကျောက်တော် မြို့တွင် ယခုရက်များအတွင်း ဧည့်မထနှင့် ပေါ်ဆန်မွှေး ဆန်တစ်အိတ်လျှင် ကျပ်သုံးထောင်ခန့် ဈေးတက်သွားကြောင်း သတင်းရရှိသည်။

‘‘ဆန်ဈေးတွေက သင်္ကြန် အလွန် ဆန်ဈေးက တစ်အိတ်ကို ကျပ်သုံးထောင်လောက် တက် သွားပါတယ်။ အရင်နှစ်တွေက သင်္ကြန်အလွန် ဆန်ဈေးက တစ် အိတ်ကို တစ်ထောင်လောက်ပဲ ဈေးတက်ပါတယ်။ ဒီနှစ်တော့ သင်္ကြန်တွင်းမှာ မိုးနည်းနည်း ရွာ ခဲ့တာရယ်၊ ၀န်ထမ်းတွေ လစာ တိုးလိုက်တာရယ်ကြောင့် ဈေးပို တက်သွားတာပါ’’ဟု ဆန်ရောင်း သူတစ်ဦးက ပြောကြားသည်။

ယခုနှစ် စပါးပေါ်ချိန်မှစတင် ၍ ဆန်ဈေးများ မြင့်တက်နေပြီး လက်ရှိ သင်္ကြန်လွန်ကာလ မြောက်ဦးနှင့် ကျောက်တော်ဈေး ကွက်၌ ပေါ်ဆန်းမွှေး တစ်အိတ် လျှင် နှစ်သောင်းရှစ်ထောင်ကျပ် နှင့် ဧည့်မထဆန်တစ်အိတ်လျှင် တစ်သောင်း ခုနစ်ထောင်ကျပ်ဈေး ရှိနေသည်။

ပြီးခဲ့သည့်နှစ်က ပေါ်ဆန်း မွှေးဆန်တစ်အိတ်လျှင် ကျပ်နှစ် သောင်းခန့်နှင့် ဧည့်မထ ဆန် တစ်အိတ်လျှင်ကျပ်တစ်သောင်း နှစ်ထောင်ခန့်သာ ရှိခဲ့သည်။

မြောက်ဦး၊ ကျောက်တော် ဒေသထွက် ဆန်များကို မန္တလေး မှတစ်ဆင့် တရုတ်ဈေးကွက်နှင့် မောင်တော နယ်စပ်မှ ဘင်္ဂလား ဒေ့ရှ် ဈေးကွက်သို့ တင်ပို့နေပြီး တရုတ် ဈေးကွက်သို့ အများဆုံးတင်ပို့ကြကြောင်း ဆန်ကုန်သည်ကိုထွန်းလှိုင်က ပြောကြားသည်။

‘‘တရုတ်  ဈေးကွက်ရော၊ ဘင်္ဂလားဒေ့ရှ်ဈေးကွက်ရော တင် ပို့ရတဲ့ ဆန်တွေက ဧည့်မထဆန် တွေပါ။ ဒီနှစ်စပါးပေါ်ချိန်ကစပြီး ဈေးတက်နေတာကြောင့် လှောင်လက်တွေက ပြန်ရောင်းတဲ့အချိန်မှာ ဈေးတင်လိုက်တာ ဖြစ်နိုင်ပါတယ်။ ရခိုင်မှာ ဆန်ဈေးအတက်ဆုံးလက ဇူလိုင်နဲ့ သြဂုတ် ဖြစ်ပါတယ်’’ ဟု ၎င်းက  ပြောကြားသည်။

From- 7Days



SHARE THIS
Previous Post
Next Post