မောင်​​တောမြို့ ဈေးမီး​လောင်​မှု လူ ၂၀ ​ကို စစ်​​ဆေး​နေ



(​မေ ၁၃ ၊ ၂၀၁၅ - ​လေးမြို့ ဒေသတွင်း)

ရခိုင်​ပြည်​နယ်​ ၊ ​မောင်​​တောမြို့ တွင် မ​နေ့ ညက​ ဖြစ်​ပွားခဲ့​သော မြို့ မ​ဈေးမီး​လောင်ကျွမ်းမှုနှင့်​ ဆက်​စပ်​၍ သံသယရှိသူ ၂၀ ​အား စုံစမ်းစစ်​​ဆေး​နေ​ကြောင်း ​မော​င်​​တောမြို့  ၊ မြို့ နယ်​ရဲတပ်​ဖွဲ့ မှ ရဲမှူးက ​ပြောကြားခဲ့​သည်​ဟု ​နိရဉ္ဇရာသတင်းအရ သိရသည်​။

မီး​လောင်​မှု​ကြောင့်​ လူ ၂၀ ​ကျော်​အား ဖမ်းဆီးထားသည်​ဟု သတင်းများ ထွက်​​ပေါ်​နေ​သော်​လည်း ဖမ်းဆီးထားသည့်​အဆင့်​မဟုတ်​ဘဲ စုံစမ်းစစ်​​ဆေးခြင်းသာ ဖြစ်​​ကြောင်း ရဲမှူး၏ ​ပြောစကားအရ သိရသည်​။

အဆိုပါမီး​လောင်​ကျွမ်းခဲ့သည့်​ ​ဈေးဆိုင်​များအားလုံးမှာ မူဆလင်​ပိုင်​ဆိုင်​ခန်းများဖြစ်​ပြီး ဘယ်​ဆိုင်​ခန်းက စတင်​​လောင်​ကျွမ်းသည်​ ကို​တော့ အတိအကျမသိရ​သေး​ကြောင်း သိရသည်​။

မီး​လောင်​မှုမှာ ရှို့ မီးဟု တစ်​ချို့  က ယူဆ​နေကြ​ပြီး မြို့ နယ်​မှူးက​တော့  ​ပေါ့ဆမီးသာ ဖြစ်​နိုင်​​ကြောင်း ​ပြောကြားခဲ့​သော်​လည်း စုံစမ်းစစ်​​ဆေး​နေဆဲဖြစ်​​ကြောင်း သိရသည်​။

အဆိုပါမီး​လောင်​မှုသည်​ မ​နေ့ က ည ၁၁ နာရီ​ကျော်​ခန့်က စတင်​​လောင်​ကျွမ်းခဲ့ခြင်း ဖြစ်​ပြီး မနက်​ ၃ နာရီ​ကျော်​မှ မီးညွှန့်ကျိုးခဲ့​ကြောင်း သိရသည်​။ မီး​လောင်​မှု​ကြောင့်​ ​ဈေးဆိုင်​ခန်း ၂၁ ခန်း မီး​လောင်​ခဲ့ရပြီး ပျက်​စီးဆုံးရှုံးမှုတန်​ဖိုးမှာ ကျပ်​သိန်း ၄၈၃ ​ကျော်​ခန့်​ ဖြစ်​​ကြောင်းသိရသည်​။

မာရုသူရ
(​လေးမြို့ သတင်းမီဒီယာ)
Photo Credit - Thurein Tun



SHARE THIS
Previous Post
Next Post