ခိုးဝင်​ဘင်္ဂလီ​တွေအ​ရေး ထိုင်းနိုင်​ငံတွင်​ ​ဆွေး​နွေးညှိနှိုင်းအ​ဖြေရှာမည်

(​မေ ၁၃ ၊ ၂၀၁၅ - ​လေးမြို့  ပြည်​ပ)

တစ်​​နေ့ တခြား တိုးပွားလာ​နေတဲ့ ဘင်္ဂလီခိုးဝင်​ လှေစီးဒုက္ခသည်​များနှင့်​ ပတ်​သက်​၍ ဆက်​စပ်​နိုင်​ငံများနှင့်​​ ဆွေး​နွေးညှိနှိုင်း အ​ဖြေရှာမှုတစ်​ရပ်​ကို ထိုင်းနိုင်​ငံက အိမ်​ရှင်​အဖြစ်​လက်​ခံကာ ​ကျင်းပသွားမည်​ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါ​ဆွေး​နွေးပွဲကို ​လာမည့်​ ​မေလ ၂၉ ရက်​​နေ့ တွင်​ ပြုလုပ်​ကျင်းပသွားမည်​ဖြစ်​ပြီး ထိုင်း ၊ မြန်​မာ ၊ ဘင်္ဂလား​ဒေ့ရှ်​ ၊ မ​လေးရှား ၊ သြစ​တေးလျ ၊ အင်​ဒိုနီးရှားနှင်​ အ​မေရိကန်​အပါအဝင်​ နိုင်​ငံ ၁၅ နိုင်​မှ ကိုယ်​စားလှယ်​များ တက်​​ရောက်​မည်​ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါဘင်္ဂလီအ​ရေးသည်​ အ​ရှေ့ ​တောင်​အာရှနိုင်​ငံများအတွင်း၌ ထိပ်​တန်း​ရောက်​လာသည့်​ အ​ရေး​ပေါ်ပြသနာတစ်​ခုဖြစ်​လာသဖြင့်​ သက်​ဆိုင်​ရာနိုင်​ငံများစု​ပေါင်းအ​ဖြေရှာမှသာ ​အ​ဖြေရှာ​တွေ့ နိုင်​​တော့မည်​ ဟု ယူဆ၍ ယခုကဲ့သို့  ပြုလုပ်​ရန်​ စီစဉ်​ရခြင်းဖြစ်​​ကြောင်း ထိုင်းနိုင်​ငံခြား​ရေးဌာနမှ ​ပြောကြားခဲ့ပါသည်​။

ယခုနှစ်​အတွင်း ဘင်္ဂလား​ဒေ့ရှ်နှင့်​ မြန်​မာနယ်​စပ်​မှ ​တရားမဝင်​​ရွေ့ ပြောင်းလာသူ ဘင်္ဂလီလူမျိုး ၂ ​သောင်း​ကျော်​ခန့်ရှိခဲ့ပြီး ထိုင်း ၊ မ​လေးရှား နှင့်​ အင်​ဒိုနီးရှားများသို့  ဝင်​​ရောက်​​နေကြ​ကြောင်း သိရသည်​။

ယခုအခါ ခိုးဝင်​လာသူများကို ထိုင်းအစိုးရက စီမံကိန်းချကာ ပြင်းပြင်းထန်​ထန်​ဖမ်းဆီး အ​ရေးယူ​နေပြီး အင်​ဒိုနီးရှားအစိုးရက​တော့ သူတို့ ဆီ ချဉ်းကပ်​လာတဲ့  ​လှေစီးဘင်္ဂလီ​တွေကို အကပ်မခံဘဲ ​မ​လေးရှားဘက်​သို့  လမ်းညွှန်​ကာ ပြန်​​စေလွှတ်​ခဲ့​ကြောင်း သိရသည်​။ ထို့ ​ကြောင့်
မ​လေးရှားအစိုးရကလည်း လူမှောင်ခိုတင်လာတဲ့ သင်္ဘောတွေကို သူတို့နိုင်ငံက လက်ခံတော့မှာ မဟုတ်ဘူးလို့ မ​နေ့  ထုတ်​ပြန်​​ကြေညာခဲ့​ကြောင်း သိရသည်​။

မာရုသူရ
(​လေးမြို့  သတင်းမီဒီယာ)



SHARE THIS
Previous Post
Next Post