မင်းပြားမြို့ လုံးကျွတ်နီးပါး သွား​ရောက်​ဆင်​နွဲ​နေတဲ့  ​မြောက်​ဦးက ရှစ်​​သောင်းပွဲ အထူးစည်​ကား

(၃-၅-၂၀၁၅ ၊ ​လေးမြို့  သတင်း)

မ​နေ့  (​မေလ ၂​နေ့ )က စတင်​ကျင်းပ​နေ​သော ရခိုင်​ပြည်​နယ်​ ၊ ​မြောက်​ဦးမြို့ ရှိ ရှစ်​​သောင်းပွဲသို့  မင်းပြားမြို့ လုံးကျွတ်​နီးပါးက သွား​ရောက်​ဆင်​နွဲ​နေကြသည်​ဟု သိရသည်​။

``မြို့ လုံးကျွတ်​နီးပါးပါပဲ ။ မြို့ ​တောင်​ တိတ်​ဆိတ်​သွားတယ်​ ။ လူကြီး ၊ လူငယ်​ ၊လူလတ်​ အစုံပါပဲ ။ တစ်​ချို့ က ကားနဲ့  ၊ တစ်​ချို့ က ဆိုင်​ကယ်​နဲ့  ၊ တစ်​ချို့  က သုံးဘီးဆိုင်​ကယ်​နဲ့  သွားကြတာပါ ။ မြို့  ​ပေါ်တင်​ မဟုတ်​ဘူး ။ နယ်​​တွေကပါ သွားကြတာ။´´ဟု မင်းပြား​ဒေသခံ ကို​အောင်​မင်းက ​ပြောသည်​။

အဆိုပါရှစ်​​သောင်းပွဲသို့  မင်းပြား ၊ ​​မြေပုံ ၊ ​ပေါက်​​တော ၊ စစ်​​တွေ ၊ ​ကျောက်​​တော်​ ၊ ပုဏ္ဏားကျွန်းနှင့်​ ရခိုင်​ပြည်​နယ်​တစ်​ခုလုံးအပြင်​ မြန်​မာနိုင်​ငံအနှံ့  နှံ့  အပြားမှ လာ​ရောက်​ဆင်​နွဲ​နေ​ကြောင်း သိရသည်။

သန့်ဇင်
(​လေးမြို့ သတင်းမီဒီယာ)



SHARE THIS
Previous Post
Next Post