အစိုးရ​လေတပ်​က KNU ​နယ်​​မြေထဲသို့  ဗုံးကြဲ

(၂-၅-၂၀၁၅ ၊ ​လေးမြို့  သတင်း)

ဧပြီလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့က ပဲခူးတိုင်း ၊ ​တောင်​ငူခရိုင်​ရှိ KNU/KNLA တပ်မဟာ (၂) ဌာနချုပ်အနီးတွင်​ အစိုးရ​လေတပ်​က ဗုံး(၃)လုံးကြဲချခဲ့သဖြင့်​ အနီးအနားရှိ​ဒေသခံတိုင်းရင်းသားများ စိုးရိမ်​မကင်းဖြစ်​ခဲ့ရ​ကြောင်း သိရသည်​။

အဆိုပါဖြစ်​ရပ်​နှင့်​ ပတ်​သက်​၍ KNU တွဲဘက် အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲက  "၂၉ ရက်နေ့ နံနက် ၈ နာရီခွဲလောက်မှာ ၂ လုံးဗုံးကျဲတယ်၊ နောက်ပြီးတော့ ၃၀ ရက်နေ့ ၁၁ နာရီ မှာ နောက်ထပ် ၁ လုံးကျဲတယ်၊ အခုဗုံးကျတဲ့ နေရာက ရွာသူ၊ ရွာသားတွေ၊ လူထုတွေ၊ နောက်ပြီး ခြံတွေ၊ ကိုင်းတွေ၊ နေထိုင်တဲ့ နေရာဒေသဖြစ်တယ်၊ ထို့နည်းတူဘဲ ကျနော်တို့ရဲ့ဌာနချုပ်နဲ့လည်း အလွန်နီးစပ်နေ ပါတယ်" ဟု ​ပြောကြားခဲ့​ကြောင်း RFA သတင်း၌ ​ဖော်​ပြထားသည်​။

အဆိုပါဗုံးကြဲမှုအား KNU ဘက်​မှ အစိုးရစစ်​တပ်​အား ဆက်​သွယ်​​မေးမြန်းရာ တပ်​မ​တော်​​-​လေက စစ်​​ရေး​လေ့ကျင့်​မှုသာဖြစ်​​ကြောင်းနှင့်​ ​မေလ ၇ ရက်​​နေ့ ထိ ​လေ့ကျင့်​သွားရန်​ အစီအစဉ်​ရှိသည်​ဟု ​ပြောကြားခဲ့​ကြောင်း သိရသည်​။

သို့ ​သော်​ KNU ဖက်​ကမူ ထို​နေရာသည်​ စစ်​​ရေး​လေ့ကျင့်​ရန်​  သင့်​​တော်​သည့်​​နေရာမဟုတ်​​သည့်​အပြင်​ ကြိုတင်​အ​ကြောင်းကြား အသိ​ပေးခြင်းမရှိသဖြင့်​ ​ဒေသခံများအတွက်​ စိုးရိမ်​ဖွယ်​ဖြစ်​ခဲ့သည်​ဟု ​ပြောကြားခဲ့​ကြောင်း သိရသည်​။

KNU သည်​ ကရင်​အမျိုးသားလက်​နက်​ကိုင်​တပ်​ဖွဲ့  တစ်​ခုဖြစ်​ပြီး တစ်​ချိန်​က ​စောဘိုမြ​ကြောင့်​ ထင်​ရှားခဲ့ သည့်​ အဖွဲ့ အစည်းတစ်​ခုလည်း ဖြစ်​​ကြောင်း သိရသည်​။

ရေးသားသူ-မင်းမြတ်​ခိုင်
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post