အကူအညီတစ်​စုံတစ်​ရာမှ မရရှိ​သေးသည့် ချင်းမျိုးနွယ်​စုဒုက္ခသည်​ ၄၀၀​ ​ကျော်​ ပလက်​ဝ၌ ဒုက္ခ​ရောက်​​နေ

(၂-၅-၂၀၁၅ ၊ ​လေးမြို့  သတင်းတို)

ပြီးခဲ့​သော ဧပြီလအ​စောပိုင်း​လောက်​က စတင်​ဖြစ်​ပွားခဲ့​သော အစိုးရစစ်​တပ်​နှင့်​ ရက္ခိုင့်​တပ်​မ​တော်​တို့ ၏ တိုက်​ပွဲများ​ကြောင့်​ တိမ်း​ရှောင်​ထွက်​​ပြေးလာကြ​သော ချင်းတိုင်းရင်းသား မျိုးနွယ်​စု ၄၀၀ ​ကျော်​သည်​ ချင်းပြည်​နယ်​ ၊ ဝလက်​ဝမြို့  ၌ ​သောင်​တင်​လျှက်​ရှိ​နေပြီး အခက်​အခဲမျိုးစုံနှင့်​ ကြုံ​တွေ့  ရင်​ဆိုင်​​နေရ​ကြောင်း သိရသည်​။

အဆိုပါ ချင်းမျိုးနွယ်​စုဒုက္ခသည်​များနှင့်​ ပတ်​သက်​၍ ပလက်ဝမြို့ ခူမီးလူငယ်များအသင်းက ဥက္ကဌ ဦးစတီဗင် က "အခုလောလောဆယ်ကျတော့ ကျနော်တို့ နေရာချ ထားရေးကျတော့ ကျနော်တို့ တာဝန်မယူနိုင် ဘူးဖြစ်နေတယ်ခင်ဗျ၊ မနေ့က ကျနော်တို့ ရောက် သွားတဲ့အခါတာတော့ မနက်ဖြန်အတွက် ချက်စရာဆန်ကိုမရှိတော့တဲ့ မိသားစု ၅၇ လောက် ချက်စရာဆန်မရှိတော့ဘူးခင်ဗျ၊ ကျနော်တို့ မပို့လိုက်ဘူးဆိုရင် ချက်စရာဆန်ကိုမရှိတော့တာ၊ အခုလောလောဆယ် အခြေအနေကျတော့ ဘာမှတစ်ခုမှ ထမ်းမလာနိုင်တဲ့အတွက်ကြောင့် စားစရာဆန်လုံးဝ အကုန်ဖြစ်နေတယ်၊ နောက်သူတို့ဟာအထူးသဖြင့် အမိုးအကာ ဒီ့အတွက် အရမ်းလိုအပ်နေတယ်၊ တစ်စုံတစ်ရာအဖွဲ့အစည်းကမှ မကူညီရသေးဘူး" ဟု​ပြောကြားခဲ့​ကြောင်း သိရသည်​။

ပလက်​ဝမြို့ သည်​ ရခိုင်​ပြည်​နယ်​ ၊ ​ကျောက်​​တော်​မြို့  နှင့်​ နီးကပ်​တည်​ရှိ​သော မြို့  တစ်​မြို့ ဖြစ်​ပြီး တိုက်​ပွဲဒဏ်​များကို ​ဝေမျှခံစားခဲ့ရသည့်​ မြို့ နယ်​တစ်​ခုဖြစ်​​ကြောင်းလည်း သိရသည်​။

ရေးသူ-မင်းမြတ်​ခိုင်
တင်​ဆက်​သူ-​လေးမြို့  သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post