ရခိုင်အရေးဟာ မြန်မာ့အရေးသာမက ကမ္ဘာ့အရေး ဖြစ်လာပြီလို့ ပြောလိုက်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးရေးအခြေအနေများ၊ ဝှိုက်ကဒ် ကိုင်ဆောင်သူများ အရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ် အလားအလာများ၊ ရွေးကောက်ပွဲကာလ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဒုတိယပိုင်းအဖြစ် ဆက်လက် ဖေါ်ပြခြင်းဖြစ်သည်။ ပထမပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများ အခြေအနေကို တင်ပြပြီးဖြစ်သည်။

အမေရိကန် ခရီးစဉ်က ပြန်ရောက်တာ ဆိုတော့ ဘာကိစ္စတွေ အတွက် သွားရောက်ခဲ့တာလဲ။

ဧပြီ ၂၂ က ၂၈ ရှိ အမေရိကန်နိုင်ငံ  နယူးရောက်မြို့ ယူအန်ဌာနချုပ်မှာ ကျင်းပတဲ့ မြန်မာ့ မိတ်ဖက်အဖွဲ့ အစည်းများအစည်းအဝေး သွားရောက်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ ၊ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှိန်နဲ့ ၊မြန်မာ
ငြိမ်းချမ်းရေး စင်တာက ဒေါက်တာကျော်ရင်လှိုင်တို့ သွားရောက်ခဲ့တာပါ။

ဒီတစ်ခေါက်ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ဘာတွေ ဆွေးနွေးခဲ့သေးလဲ။

ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ၀ှိုက်ကတ်ကိစ္စ ၊ ဒုက္ခသည်တွေကိစ္စနဲ့ နိုင်ငံသားဖြစ်ခွင့် ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ သူတို့ ပြောတာတော့ ဒီကိစ္စတွေမှာ သူတို့ (ဘင်္ဂလီ) ရဲ့ သဘောမပါပဲ အတင်းအကြပ်မလုပ်ဖို့ပြောပါတယ်။ ကိုယ် ပြန်ဆွေးနွေးပြတာကတော့ သူတို့ သဘောမပါဘဲ မလုပ်ပါဘူး။ ဝှိုက်ကတ်တွေကိုလည်း အပ်ချင်အပ်ပါ မအပ်ချင်နေပါ။ မအပ်ရင်တော့ ဥပဒေအရ
ဒီကတ်တွေဟာ အသုံးမဝင်တော့ဘူး ဆိုတာတွေ ပြန်ရှင်းပြပါတယ်။ ပြီးတော့ ဒုက္ခသည်တွေကို  ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် အရ စိစစ်ပြီး နိုင်ငံသားဖြစ်ခွင့်အရ ကျွန်တော် နိုင်ငံသားဖြစ်ခွင့် ရသူတို့တွေကို နိုင်ငံသားဖြစ်ခွင့်ပြုဖို့ အဆင်သင့်ပဲ။ ဒါကို သူတို့က အစစ်မခံတော့ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ ဆိုတာတွေပြောခဲ့တယ်။

UN အနေနဲ့ကော ရခိုင်ပြည်နယ် ပဋိပက္ခတွေအပေါ် ဘယ်လို အကြံပြုခဲ့ပါသလဲ။
အခု လက်ရှိ ရခိုင်ပြည်နယ်ရဲ့တည်ငြိမ်မှုနဲ့ လုံခြုံမှုကို သူတို့ လက်ခံတဲ့အနေအထား တွေ့ရတယ်။ ရခိုင်ပြည်နယ်မှာ တည်ငြိမ်ဖို့ အဓိက အချက်က ဖွံ့ဖြိုးရေးက အရေးကြီးတယ် ဆိုတာသူတို့ကို ပြောခဲ့တယ်။ နိုင်ငံတကာ အဖွဲ့အစည်းဘက်ကလည်း အရင်ကတော့ လူ့အခွင့်ရေး တစ်ခုတည်းကိုပဲ
ကြည့်ခဲ့တာရှိပေမယ့်။ အခုအခြေအနေမှာတော့ ဖွံ့ဖြိုးရေးကို အခြေခံပြီးသွားမှ သာလျှင် ရခိုင်ပြည်နယ် ငြိမ်းချမ်းမယ်ဆိုတာကို လက်ခံစပြုလာပါပြီ ။ UN ,INGO  များကလည်း သူတို့ရဲ့ အကူအညီပေးရေး နည်းဗျူဟာတွေလည်း ပြောင်းလာပါပြီ။ "ရိုဟင်ဂျာ"ဆိုတဲ့ အသုံးအနှုန်းကိုတောင် သူတို့
မသုံးဖြစ်အောင် ဆင်ချင်ပြီးပြောတာတွေ့ရတယ်။


ရခိုင်ပြည်နယ် ကိစ္စဟာ ကုလသမဂ္ဂ အရေးကိစ္စတွေရဲ့ ထိပ်ဆုံးအဆင့် အရေးတွေမှာ ပါဝင်တယ်လို့ သူတို့ကပြောပါတယ်။ ရခိုင် ကိစ္စဟာ မြန်မာ့အရေးမဟုတ်ဘူး၊ ကမ္ဘာ့အရေး ဖြစ်နေပြီဖြစ်ပါတယ်။ ဒီနေ့
UN အဖွဲ့တွေ ကော အကူအညီပေးရေး အဖွဲ့တွေကော လူ့အခွင့်အရေး ရှုထောင့်သာမဟုတ်ဘဲ၊ ဖွံ့ဖြိုးရေးဘက်က ဘယ်လို ကူညီပေးမယ်ဆိုတာကို ဦးစားပေးလာတာတွေ့ရပါတယ်။


UN ရုံးချုပ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာလို့ သုံးနှုန်းတာကို မသုံးဖြစ်အောင် ဆင်ခြင်ခဲ့တာကို တွေ့ခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံကို လူ့အခွင့်ရေးကိုယ်စားလှယ်တွေ၊ ကုလ ကိုယ်စားလှယ်တွေ လာရင် သုံးနှုန်းဦးမယ်လို့ ယူဆသလား။

ဒါကတော့ပြောဖို့ခက်ပါတယ်။ နိုင်ငံတော်အဆင့် ကမ္ဘာနဲ့ လုပ်တဲ့အတွက် ပြောစရာအကြောင်း မရှိပါဘူး။ သို့သော်လည်း လာရင်တော့ လက်မခံဘူးဆိုတာ ပြောမှာဖြစ်တဲ့အတွက် နောက်ပိုင်းလာမယ့်သူတွေကတော့ တော်တော့်ကို ဆင်ခြင်သွားမယ်လို့ ယူဆပါတယ်။ နောက်ပိုင်းမှာ မစ္စရန် ဟီလီက လွဲပြီး ပြောသံတော့မကြားရဘူး။ သူလည်း နောက်တစ်ခေါက်လာရင်တော့ မပြောမိအောင် ဆွေးနွေးဖို့လိုရင် ဆွေးနွေးမှာဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲကလည်းနီးလာပြီဆိုတော့ ရခိုင်ပြည်နယ်မှာ ဝှိုက်ကတ်ကိစ္စတွေ ဒုက္ခသည် ကိစ္စတွေလည်း ရှိနေတော့ ဒီကြားထဲမှာ လူမျိုးရေး ဆန်ဆန် ကိစ္စတွေ ဖြစ်မလာအောင် ဘယ်လိုပြင်ဆင်ထားလဲ။


ပြဿနာတိုင်းမှာ ယုံကြည်မှုမရှိလို့ ပွင့်လင်းမြင်သာမှုမရှိလို့ဖြစ်ခဲ့တာ ဖြစ်တယ်။ ပွင့်လင်းမြင်သာမှုရှိမယ် ယုံကြည်မှုရှိမယ်ဆိုရင် ပြဿနာက ဖြစ်နိုင်ချေနည်းတယ်။ ဒီနှစ်ကတော့ အင်မတန် ရှုပ်ထွေးတယ် ၊ ရွေးကောက်ပွဲလည်းရှိတယ်။ စိတ်ပူတာ တစ်ခုက တခြားပရောဂတွေပေါ့။ ပြည်တွင်းပရောဂ ပြည်ပ ပရောဂ မျိုဒစုံရှိနိုင်တယ်။ မပြေးသော်ကံရာရှိ ဒါတွေကို ရင်ဆိုင်နေရတယ်။ ဖြစ်နိုင်ချေနည်းတယ် ဆိုပေမယ့် ပေါ့လို့တော့မရဘူး။ ပြည်သူလူထုကြားမှာ ယုံကြည်မှုတွေကတော့ တိုးတက်လာနေပါပြီ။ ပြဿနာ တစ်ခုဖြစ်မယ် ကြံရင်တောင်မှ ဘင်္ဂလီဘက်ကလည်း သူ့ဖာသာသူထိန်းတယ်။ ရခိုင်ဘက်ကလည်း သူ့ဖာသာ သူထိန်းတာတွေရှိတယ်။

ဆိုတော့ ရွေးကောက်ပွဲကာလ အတွင်းမှာ ရခိုင်ပြည်နယ်အတွက် လူမျိုးရေး ပဋိပက္ခအသွင်တွေကို စိုးရိမ်စရာမရှိဘူးလို့ပြောနိုင်လား။

တစ်ခု ရှိတာက ပါတီဘက်ကိုလည်း အပြစ်ပြောတာတော့ မဟုတ်ပါဘူး။ လာမယ့်ရွေးကောက်ပွဲမှာ ရွေးခံဖို့ဆိုတော့လည်း တစ်ဖက်နဲ့ တစ်ဖက် ယှဉ်ပြိုင်ကြ ပြောကြဆိုကြ။ ပြိုင်ပြီ ဆိုကတည်းက တစ်ဖက်ရဲ့ အားနည်းချက်တွေ တစ်ဖက် ဖော်ထုတ်ကြဆိုတော့ ဒီအချိန်အခါမှာ လူထုက မှန်မှန်
သုံးသပ်ဖို့လိုတယ်။ အဲဒါကိုတော့ အလေးအနက်ထားပြောချင်တယ်။

(မဇ္ဈိမ​တွေ့ ဆုံ​မေးမြန်းခြင်းကို ​ဖော်​ပြသည်​)



SHARE THIS
Previous Post
Next Post