ကျောက်​​တော်​မြို့ နယ်​ရှိ ​ရွာ​ပေါင်း ၁၀ ရွာ၌ ​ရေ​ဘေးအန္တရာယ်​နှင့်​ ကြုံ​တွေ့ ​နေရ

(ဇွန်​လ ၂၇ ၊ ​ကျောက်​​တော်​)

ရခိုင်​ပြည်​နယ်​ ၊ ​ကျောက်​​တော်​မြို့ နယ်​ရှိ အပေါက်ဝကျေးရွာ၊ ပြိုင်းချောင်းကျေးရွာ၊ မင်းရပ်ပြင်ကျေးရွာအပါအဝင် ရွာပေါင်း ၁၀ ရွာကျော် ရေကြီးနေတဲ့ အန္တရာယ်နဲ့ရင်ဆိုင်နေရ​ကြောင်း သိရသည်​။

ရေကြီးမှု​ကြောင့်​ လမ်းများပျက်​စီးခဲ့ရသလို ​ရေအမြင့်​က လူ​နေအိမ်​၏ ​ခေါင်​မိုး​လောက်​ထိ မြင့်​တက်​လာခဲ့သဖြင့်​ ​ဒေသခံများနှင့်​ တိရစ္ဆာန်​များကို ​ဘေးလွတ်​ရာသို့  ​ရွေ့ ​ပြောင်းခိုလှုံ​နေကြရ​ကြောင်း သိရသည်​။

အဆိုပါ​ရေ​ဘေးသင့်​ ဒုက္ခသည်​များအတွက်​ အစားအစာများ ၊ အမိုးအကာနှင့်​ ​​ဆေးဝါးများ ၊ ​သောက်​သုံး​ရေများ အ​ရေး​ပေါ်လိုအပ်​လျှက်​ရှိ​​ ​ကြောင်း သိရသည်။

ယခုရက်​ပိုင်းအတွင်း မိုးသည်းထန်​စွာ အဆက်​မပြတ်​ရွာသန်းမှု​ကြောင့်​ ရခိုင်​ပြည်​နယ်​ ရှိ မြို့ များ၌ ​ရေကြီး​နေပြီး စစ်တွေမြို့ အပါအ၀င် နယ်မြို့များမှ အခြေခံ လူတန်းစားများအတွက် စားနပ်ရိက္ခာများ ကူညီရန် လိုအပ်နေကြောင်း
သိရသည်​။

မင်းမြတ်​ခိုင်
(​လေးမြို့ သတင်းဘ​လော့ဂ်​)
ဓာတ်​ပုံ - ဧရာဝတီ



SHARE THIS
Previous Post
Next Post